Friday, February 21, 2014

သမီးကလေးရွာခံများကို တပ်သားစုဆောင်းလို၍ေ ခ်ါယူခြင်းမဟုတ်ဟု DKBA တုံ့ပြန်

ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့ နယ် သမီးကလေးကျေးရွာမှ ဒေသခံများကို DKBA ထိန်းချုပ် နယ်မြေသို့ ခေါ်ဆောင် သွားမည်ဟု ပြောဆိုခဲ့ခြင်းမှာ လူသားချင်း စာနာစိတ်သက်သက်ဖြင့် ကူညီခြင်းသာဖြစ် ပြီး တပ်သားစုဆောင်းခြင်းမဟုတ်ဟု လွတ် လပ်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)မှ ဗိုလ်ကြီးစောစိုးမြင့်က ထွက်ပေါ် နေသည့် သတင်းများနှင့်ပတ်သက်၍ တုံ့ပြန် ပြောကြားလိုက်သည်။


အဆိုပါ သမီးကလေးကျေးရွာ ဒုက္ခ သည် ဒေသခံများအား ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံး ထား၍ ပဲခူးတိုင်းအတွင်းမှ ထွက်ခွာပေးရန် သက်ဆိုင်ရာက ထုတ်ပြန် ထားပြီး ထိုသို့ထွက် ခွာပေး ရ၍ နေရာထိုင်ခင်း အဆင်မပြေပါက ကရင်ပြည်နယ်အတွင်းရှိ ¤င်းတို့၏ ထိန်းချုပ် နယ်မြေ များ၌ လာရောက် နေထိုင်နိုင်ရန် စီစဉ်ပေးမည်ဟု DKBA တပ် ဖွဲ့ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားခဲ့ ပြီးနောက် DKBA က တပ်သားသစ်စုဆောင်း လို၍ ခေါ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သံများလည်း ကြားလာရ သည်။

''ဒုက္ခရောက်နေတဲ့လူကို ကူညီချင်တဲ့ သဘောပါ။ ဟိုလိုမျိုး တပ်သားစုဆောင်းတာ မဟုတ် ဘူး။ နေစရာမရှိတဲ့လူတွေကို နေချင် ရင် ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ နယ်မြေမှာ လာနေလို့ ရတယ် ဆိုတဲ့သဘော မျိုးပြောတာ ပါ''ဟု DKBA တပ်ဖွဲ့မှ ဗိုလ်ကြီးစောစိုးမြင့် ကပြောသည်။

သမီးကလေးကျေးရွာအား တပ်ပိုင်မြေ နှင့် မလွတ်သည့်အတွက်ဟုဆိုကာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ရွာလုံးကျွတ် ဖယ်ရှားပေးရန် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးမှ ဇန်နဝါရီ ၂၇ ရက်တွင် အမိန့်စာ ထုတ်ခဲ့ပြီး ဖယ်ရှားပေးခြင်းမရှိ၍ ဖေဖော်ဝါ ရီ ၄ ရက် မနက် ၄ နာရီမှစတင်၍ မြောက် ပိုင်းခရိုင် ရှစ်မြို့နယ်ရှိ ရဲတပ်ဖွဲ့မှ ကား ၂၅ စီးခန့်ဖြင့် ဖယ်ရှားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါသမီးကလေး ကျေးရွာသားများအနေဖြင့် ကျေးရွာပြန်လည် ရရှိရေး အတွက်သာမျှော်လင့်နေပြီး ဆုံးရှုံးနစ် နာမှုများကြောင့် အခက်အခဲများနှင့်ရင်ဆိုင် နေရကြော င်း၊ မည်သို့ ဆက်လက်ရပ်တည် ရမည်ကို မသိသေးကြောင်း ဒေသခံတစ်ဦး ဖြစ်သူ မနီနီဝင်း က ပြော သည်။

Yangon Media Group

0 comments:

Post a Comment