ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ဘာသာရေးပဋိပက္ခ ဖြစ်ပွားခဲ့ သည် ဆိုသော သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ပဲခူးတိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောသည်။
ယမန်နေ့က ဘာသာရေး အဓိကရုဏ်းပုံစံဖြစ်ပွားမှုများရှိခဲ့သည်ဟူသော သတင်းများ အင်တာ နက်စာမျက်နှာများပေါ်တွင်ထွက်ပေါ်ခဲ့ခြင်းအပေါ် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ ''ညောင်လေး ပင်မှာ အားလုံးအေးအေးဆေးဆေး ပါပဲ။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမဖြစ်ပါဘူး'' ဟု ဦးမောင်မောင်သန်းက ပြောသည်။
နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ် က လည်း ''မနေ့ညက ညောင် လေးပင်မှာ အဓိကရုဏ်းပုံစံဖြစ်တယ်ဆိုပြီး သတင်းထွက်နေပါ တယ်။ တကယ်တော့ လိုင်းကားနှစ်စီးက ယာဉ်နောက်လိုက်နှစ်ဦး စကားများရာကနေ အဖွဲ့လိုက် ခိုက်ရန်ဖြစ်မယ့်အသွင် ပေါ်ပေါက် ခဲ့တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာဉ်နှစ်စီးလုံးနဲ့ နှစ်ဖက် ပါဝင် သူများကို ထိန်းသိမ်းစစ်ဆေးနေပါတယ်။ ယာဉ်နောက်လိုက်တွေ ကလဲ တချို့ပြော သလို အစ္စလာမ်ဘာသာဝင်ဆိုတာ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရမှုလဲ မရှိပါဘူး'' ဟု ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသည်။
The Union Daily
0 comments:
Post a Comment