Thursday, February 27, 2014

အိန္ဒိယ ရေငုပ်သင်္ဘော စက်ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး (၂)ဦးပျောက်ဆုံး

Photo: အိန္ဒိယ ရေငုပ်သင်္ဘော စက်ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး (၂)ဦးပျောက်ဆုံး
Thursday, February 27, 2014

Kiloအဆင့် သတ်မှတ်ချက်ရှိ ရေငုပ်သင်္ဘောသည် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ချွတ်ယွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်

အိန္ဒိယ ရေတပ်၏ ရေငုပ်သင်္ဘော တစ်စင်းတွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခု ဖြစ်ပေါ်ပြီးနောက် အရာရှိ(၂)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ Sindhuratna သင်္ဘောပေါ်တွင် မီးခိုးအချို့ ထွက်ပေါ်နေသည်ကို ဗုဒ္ဓဟူးနေ့နံနက် အစောပိုင်းက တွေ့ရှိခဲ့ရသည်။ ထို့နောက် ရေတပ်သား (၅)ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းကိုလည်း ရေတပ်က ကြေညာသည်။ သို့သော်လည်း အမှုထမ်း(၂)ဦး ပျောက်ဆုံးနေဆဲဟုလည်း ပြောကြားခဲ့သည်။ ရေတပ်အရာရှိ တစ်ဦးက "(၂)ယောက် ပျောက်နေတယ်။ သူတို့က ရေငုပ်သင်္ဘော ကေဘင်ခန်း တစ်ခုခုထဲမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ရေငုပ်သင်္ဘောမှာ အရေးပေါ် အခြေအနေ စံညွှန်းတွေအရ တစ်ခုခုဖြစ်လာရင် ကေဘင်တွေကို ပိတ်ထားလိုက်တဲ့ စနစ်မျိုး ရှိနေပါတယ်"ဟု ဆိုသည်။

မွမ်ဘိုင်းကမ်းလွန်မှ ရေမိုင်(၁၅၀)မျှ အကွာတွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟုလည်း သိရသည်။ Kiloအဆင့် သတ်မှတ်ချက်ရှိ ရေငုပ်သင်္ဘောသည် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ချွတ်ယွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မီးခိုးများ ထွက်လာရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းနေဆဲဟုလည်း ဆိုသည်။ နီးစပ်သူများက ရေငုပ်သင်္ဘောတွင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှု လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။ သင်္ဘောထံမှ အရေးပေါ် အချက်ပေးမှုကို လက်ခံရရှိပြီးသည့်နောက် ရေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် မြန်နှုန်းမြင့် တိုက်ရေယာဉ် တစ်စင်းတို့အား အကူအညီပေးရန် ချက်ချင်း စေလွှတ်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

Kiloအဆင့် သတ်မှတ်ချက်ရှိ ရေငုပ်သင်္ဘောသည် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ချွတ်ယွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်

အိန္ဒိယ ရေတပ်၏ ရေငုပ်သင်္ဘော တစ်စင်းတွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတစ်ခု ဖြစ်ပေါ်ပြီးနောက် အရာရှိ(၂)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ Sindhuratna
သင်္ဘောပေါ်တွင် မီးခိုးအချို့ ထွက်ပေါ်နေသည်ကို ဗုဒ္ဓဟူးနေ့နံနက် အစောပိုင်းက တွေ့ရှိခဲ့ရသည်။ ထို့နောက် ရေတပ်သား (၅)ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းကိုလည်း ရေတပ်က ကြေညာသည်။ သို့သော်လည်း အမှုထမ်း(၂)ဦး ပျောက်ဆုံးနေဆဲဟုလည်း ပြောကြားခဲ့သည်။ ရေတပ်အရာရှိ တစ်ဦးက "(၂)ယောက် ပျောက်နေတယ်။ သူတို့က ရေငုပ်သင်္ဘော ကေဘင်ခန်း တစ်ခုခုထဲမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ရေငုပ်သင်္ဘောမှာ အရေးပေါ် အခြေအနေ စံညွှန်းတွေအရ တစ်ခုခုဖြစ်လာရင် ကေဘင်တွေကို ပိတ်ထားလိုက်တဲ့ စနစ်မျိုး ရှိနေပါတယ်"ဟု ဆိုသည်။

မွမ်ဘိုင်းကမ်းလွန်မှ ရေမိုင်(၁၅၀)မျှ အကွာတွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟုလည်း သိရသည်။ Kiloအဆင့် သတ်မှတ်ချက်ရှိ ရေငုပ်သင်္ဘောသည် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ချွတ်ယွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မီးခိုးများ ထွက်လာရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းနေဆဲဟုလည်း ဆိုသည်။ နီးစပ်သူများက ရေငုပ်သင်္ဘောတွင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှု လုံးဝမရှိကြောင်း ပြောကြားခဲ့သည်။ သင်္ဘောထံမှ အရေးပေါ် အချက်ပေးမှုကို လက်ခံရရှိပြီးသည့်နောက် ရေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် မြန်နှုန်းမြင့် တိုက်ရေယာဉ် တစ်စင်းတို့အား အကူအညီပေးရန် ချက်ချင်း စေလွှတ်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

0 comments:

Post a Comment