Wednesday, February 19, 2014

တောင်ကြီးတွင် တစ်လအတွင်း လက်နက်များ နှစ်ကြိမ်ဖမ်းမိတောင်ကြီးတွင် တစ်လအတွင်း လက်နက်များ နှစ်ကြိမ်ဖမ်းမိ

တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် လက်နက်များ ဖမ်းဆီးရမီခဲ့သည်ဟု ဖေဖော်ဝါရီ ၁၈ က ထုတ်ပြန်သည့် တောင်ကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် တွေ့ရသည်။

ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီက လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် စဝ်စံထွန်းလမ်းထောင့်တွင် ၇ဂ/ တိုယိုတာ ဘီဘီ အမျိုးအစား (အဖြူရောင်) ကားမှ လမ်းချိုးကွေ့စဉ် ကား၏နောက်မှ လိုက်ပါလာသော အမည်မသိ ဆိုင်ကယ်တစ်စီးမှ ကားကို ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူကို သေနတ်ဖြင့် ထုတ်ချိန်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက အဆိုပါကားကို လိုက်လံရှာဖွေရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် တွေ့ရှိပြီး စစ်ဆေးခဲ့ရာ ယာဉ်မောင်းသူသည် နမ့်စန်မြို့နယ်မှ ဖြစ်ပြီး ၎င်းထံမှ FNZ843 နံပါတ်ပါ သြစတြီးယား နိုင်ငံလုပ် ၉ မမ ပစ္စတို တစ်လက်ကို ကျည် ၂၃ တောင့်၊ ကျည်အိမ်တစ်ခုနှင့် ကျည်ဆံထည့် သားရေအိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး တောင်ကြီးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦး က "ကျွန်တော်တို့ကို ပြန်ပြီးခုခံတာတော့ မရှိပါဘူး။ သူ့ကို လက်နက်ကိုင်ဆောင်မှုနဲ့ အမှု ဖွင့်အရေး ယူထားပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် လိုင်စင်မဲ့လက်နက်ကိုင်ဆောင်သူကို တောင်ကြီးမြို့မရဲစခန်း (ပ)၄၈/၂၀၁၄၊ ၁၈၇၈  လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)အရအရေးယူထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက် ကလည်း တောင်ကြီးမြို့ မြို့အတောင်ကြီးမြို့အဝင် ၄ မိုင်တွင် ချက်နိုင်ငံလုပ် RAMI-9MM အမျိုးအစား ပစ္စတိုသေနတ် (၁)လက်၊ ကျည်(၆)တောင့်၊ ကျည်ဘောက်(၁)ခုတို့ ဖမ်းဆီးမိခဲ့သည်။

Mizzima

0 comments:

Post a Comment