ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေး ၊
ပဲခူးမြစ်ကူး တံတားအနီးရှိ သီရိဥဿာဈေးကြီးတွင်(၂၇.၂.၂၀၁၄)နေ့
နံနက်(၁း၁၅)အချိန်ခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း
သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
သီရိဥဿာဈေးကြီး မြောက်ဘက် အောက်ထပ်ရှိ ဈေးလုံခြုံရေး မီးလိုင်းမှ
အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာ ဈေးအပေါ်ထပ်သို့ပါ ကူးစက်လောင်
ကျွမ်းသွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
မီးလောင်ရာသို့ ထောက်ကြန့်၊ လှည်းကူး၊ ဘုရားကြီး၊ ဝေါမှ
မီးသတ်ယာဉ်များနှင့်အတူ မီးသတ်ယာဉ်(၁၂)စီးတို့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
မြို့နေပြည်သူများ၊ တပ်မတော်သားများနှင် ရဲတပ်ဖွဲ့ဝင်များအတူ
လာရောက်ငြိမ်းသတ်ခဲ့ရာ နံနက်(၃း၃၀)အချိန်ခန့်တွင်
မီးညွှန့်ကျိုးသွားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် သီရိဥဿာဈေး အောက်ထပ်ရှိ ဆိုင်ခန်း(၁၉၈)ခန်းအနက်
(၉၄)ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းတန်ဖိုး(၉၄)သိန်း၊
ပစ္စည်းတန်ဖိုး(၃၀၀)သိန်းခန့်နှင့် သီရိဥဿာဈေး အပေါ်ထပ်ရှိ MICKY MOUSE
စားသောက်ဆိုင်သို့ မီးကူးစက်လောင်ကျွမ်းသွားသဖြင့် ပစ္စည်းတန်ဖိုး(၅၆)သိန်း၊
စုစုပေါင်း ကာလတန်ဖိုးငွေ သိန်း(၄၅၀)ခန့် ဆုံးရှုံးသွားခဲ့ကြောင်း
အကြမ်းဖျဉ်း စုံစမ်းသိရှိရ ပါတယ်။
မီးလောင်ရာသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးသက်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး
ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်းတို့
လာရောက်ကြည့်ရှုခဲ့တာ တွေ့ ရပါတယ်။
မီးလောင်မှုနှင့် ပတ်သက်၍ ဈေးခေါင်း ဦးစိုးမင်းထွန်းနှင့်
ညစောင့်ဝန်ထမ်းများ ဖြစ်သော ဦးမောင်ဝင်းနှင့် ချစ်ကိုတို့အား
ပဲခူးမြို့မရဲစခန်းမှ (ပ)၁၅၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ
အရေးယူထားကြောင်းနှင့်တောင်ငူဈေးကြီး မီးလောင်ပြီး (၂)ပတ်ခန့်အကြာတွင်
ပဲခူးဈေးကြီး မီးလောင်မှုထပ်မံဖြစ်ပွား ခဲ့ကြောင်း ဖြစ်ကြောင်း သစ်ထူးလွင်
မှ စုံစမ်းသိရှိပါတယ်။
ကိုသန့် စင်
BY THIT HTOO LWIN




0 comments:
Post a Comment