Tuesday, February 18, 2014

အဘွားအိုတစ်ဦးကို စုန်းမဟုဆိုကာ အုပ်ချုပ်ရေးမှူးက ၀န်ခံလက်မှတ်ရေးထိုးခိုင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်၊ ကမော့ကချူးကျေးရွာတွင် အသက် ၇၀ ကျော် အဖွားအို တစ်ဦးကို မကောင်းဆိုးရွားများ မွေးမြူထားသည့် စုန်းမတစ်ဦးဖြစ် သည်ဟု ပယောဂဆရာပြော စကားကြောင့် ကျေးရွာအုပ်ချုပ် ရေးမှူးရုံးသို့ ဆင့်ခေါ်ကာ ၀န်ခံ လက်မှတ်ရေးထိုးခဲ့ရကြောင်း ကာယံရှင် အဖွားအိုက ပြော သည်။

အဖွားအိုမှာ ကမော့ကချူး ကျေးရွာ၌ မွေးဖွားခဲ့သူဖြစ်ပြီး ယနေ့တိုင် ၎င်းင်းရွာ၌နေထိုင်လျက် ရှိသည်ဟုဆိုသည်။ ယင်းသို့နေ ထိုင်လျက်ရှိစဉ် ၁၄-၁-၂၀၁၄ ရက် နံနက် ၈ နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာ ရောက်ရန်ဆင့်ခေါ်သည့်အတွက် သမီးနှင့်အတူ ရုံးသို့သွားရောက်ခဲ့ ကြောင်း သိရသည်။

ရုံးသို့ရောက်သည့်အခါ လာ ရောက်ဆင့်ခေါ်သည့် ရာအိမ်မှူး နှင့်အတူအုပ်ချုပ်ရေးမှူးကို အသင့် တွေ့ရပြီး အဖွားက ဆုံးမတစ်ဦး ဖြစ်ပြီး မကောင်းဆိုးရွားများ မွေး မြူထားကြောင်း၊ သထုံမြို့မှ ပယောဂဆရာပြောပြ၍ သိရ ကြောင်း၊ လာရောက်ဆင့်ခေါ်သူ ရာအိမ်မှူးအိမ်တွင်လည်း အဖွား အိုက မကောင်းဆိုးရွားအကောင် လေးကောင် ထည့်ထားကြောင်း၊ မကောင်းဆိုးရွားကောင်များကို ဘားအံမြို့နေ ဦး...ထံမှ တစ် ကောင်လျှင် ငါးသောင်းကျပ်ဖြင့် ၀ယ်ယူထားသည်ဟု ပြောဆိုနေ ကြသည့်အတွက် နောက်နောင် ထိုသို့ မပြုလုပ်ရန် သတိပေးပြော ကြားပြီး အဖွားအိုကို တာဝန်ခံ လက်မှတ်အဖြစ် လက်ဗွေနှိပ်ခိုင်း ကာ အတူပါလာသည့် သမီးကို လည်း လက်မှတ်ရေးထိုးခိုင်းခဲ့ သည်ဟုဆိုသည်။

ဇန်န၀ါရီလ ၁၉ ရက်တွင် ကျေးရွာရုံးသို့ ထပ်မံခေါ်ယူကာ ဘာသာရေးခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် သထုံပယောဂ ဆရာ၏ တပည့်မိသားစုများရှေ့ တွင် ထပ်မံလက်မှတ်ရေးထိုးခိုင်း ခဲ့ကြောင်း သိရသည်။
သဘာဝတ္ထဒဿနမရှိ၊ယုတ်္တိ ကင်းမဲ့သည့် စုန်း၊ ကဝေ၊ တစ္ဆေ အစွဲအလန်းများဖြင့် လူသားဂုဏ် သိက္ခာရိုက်ချိုးဖျက်ဆီးခြင်းခံခဲ့ရ သည့် အဖွားအိုက သထုံမြို့၊ ဘင် လိုင်ရပ်ကွက် ပရိုကိုးစက်ရုံလမ်း နေထိုင်သူ ပယောဂဆရာဆိုသူ နှင့် ၎င်း၏တပည့်က မော့ကချူး ရွာနေ ဦးဂျန်မွတ်အပါ ဂုဏ် သိက္ခာထိခိုက်ဖျက်စီးသူများကို ဥပဒေအရ အရေးယူဆောင်ရွက် ပေးနိုင်ရန် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဥပဒေပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဖွားအိုနှင့် ၎င်း၏မိသားစု ကို ဂုဏ်သိက္ခာထိခိုက်ရန် စတင် ခဲ့သည့် ပြဿနာမှာတစ်ရွာတည်း နေ အမျိုးသမီးငယ်တစ်ဦး၏ ၀မ်း ဗိုက်အတွင်း အလုံးတစ်ခုဖြစ်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုပါ အဖွားအိုက ပြုလုပ်ထားကြောင်း ထင်ယောင်ထင်မှားပြောကြားရာ မှ စတင်ခဲ့သည်ဟု ၎င်းအမှုကို လိုက်ပါဆောင်ရွက်သူ ရှေ့နေက ပြောကြားသည်။ ယင်းသို့ဖြစ်ပြီး လ အနည်းငယ်အကြာတွင် မိန်း ကလေး၏၀မ်းတွင်းရှိ အလုံးမှာ လူငယ်တို့သဘာဝ ကျူးလွန်မိရာ မှဖြစ်ခဲ့သောပဋိသန္ဓေဖြစ်ကြောင်း နောက်မှ သိခဲ့ကြရသည်ဟု ဆို သည်။

ယခုအခါ ယင်းပဋိသန္ဓေမှ ကလေးပင် ဖွားမြင်ခဲ့ပြီးဖြစ်သော် လည်း ရွာထဲရှိ ခုနစ်ရက်သား သမီးများ ခေါင်းကိုက်ဖျားနာရှိပါ က စုန်း၊ ကဝေ၊ တစ္ဆေဆိုသည့် စကားများကြောင့် အဖွားအိုမှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများ ဖိစီးခံစားနေရသည်ဟု ဆိုသည်။
အသိပညာဖွံ့ဖြိုးမှု နည်းပါး ခဲ့စဉ်ယခင်က ကရင်ပြည်နယ် အတွင်းဒေသအချို့၌ စုန်း၊ ကဝေ၊ တစ္ဆေ၊ မှော်ဆရာ၊ အောက်လမ်း ဆရာဟု သမုတ်ခံရပါက တော တွင်းလက်နက်ကိုင်များ၏အသက် အန္တရာယ်ပြုခြင်းခံရလေ့ရှိသော် လည်း ယခုအခါ ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စစ်မှန်သော အတွေး အမြင်များဖြင့် လူသားတို့၏ မူလ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
ပွင့်ဆန်း(ပုပ္ပား)


Myawady News

0 comments:

Post a Comment