ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ သောက်သုံးရေ လုံလောက်စွာ မရရှိသေးသည့် ဒေသများတွင် ရေတွင်းပေါင်း ၁ဝဝဝ ကို စီမံကိန်းချကာ တူးဖော်လျက်ရှိရာတွင် အပူပိုင်းဇုန် ဒေသအတွက် ရေတွင်းပေါင်း ၃ဝဝ ရရှိမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သ တင်းရရှိသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကျေးရွာများတွင် သောက်သုံးရေ လုံလောက်စွာ မရရှိသေးသည့်
“နွေရာသီ ရေရှားပါးတဲ့အချိန်မှာ ရေဖူလုံအောင် ဘတ်ဂျက်စကတည်းက စီမံချက်ချပြီး လုပ်နေတယ်။ ယခုဘဏ္ဍာရေးနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ရေတွင်းပေါင်း ၁ဝဝဝ တူးဖို့လုပ်နေတယ်။ အပူပိုင်းဇုန်မှာ တွင်း ၃ဝဝ လောက်ရမယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ကူညီပြီး တူးပေးတာရှိတယ်။ လက်ရှိအထိ ၅ဝ ရာခိုင်နှုန်း ကျော်လောက် ပြီးနေပါပြီ။ ဒီနှစ်က ဘတ်ဂျက်က မပိတ်သေးဘူး။ ဘတ်ဂျက်အမီပြီးအောင် တွန်းပြီးလုပ်နေတယ်။ ကျန်တာတွေက ရေတွင်းကတူးပြီးပြီ။ စက်မတပ်ရသေး တာတွေကျန်တာ”ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် သောက်သုံးရေ လုံလောက်စွာ မရရှိသေးသည့် ဒေသများတွင် ရေလုံလောက်စွာ ရရှိရန်အတွက် ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်အပြင် နိုင်ငံတကာ အကူအညီများ၊ ပြည်တွင်းအလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး၌ ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိသည့်အနက် လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၁ဝဝဝဝ အား သောက်သုံးရေ လုံလောက်စွာရရှိရန် စီမံကိန်းချကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Eleven Media Group
0 comments:
Post a Comment