အမျိုးသမီးတစ်ဦးက ခေတ္တကွဲနေသည့် ခင်ပွန်းဖြစ်သူထံ
ကလေးသွားရောက်ခေါ်ဆောင်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည့် ဖြစ်စဉ်နည်းတူ
ခင်ပွန်းဖြစ်သူထံ ကလေး သွားရောက်ခေါ်ဆောင်သည့် အမျိုးသမီးနှင့်
သူငယ်ချင်းတစ်ဦးတို့သည် အက်စစ်ဖြင့် အပက်ခံ ရမှုဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၅
ရက်က ထပ်မံဖြစ်ပွားခဲ့ သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်တွင် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ် (၁၂)ရပ်ကွက်နေ မခင်မြတ်မွန်သည် သူငယ်ချင်းဖြစ်သူ မခင်ဝေေ၀လွင်နှင့်အတူ ခင်ပွန်းဖြစ်သူထံ ကလေးသွားယူစဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရခြင်း ဖြစ်သည်။
မခင်မြတ်မွန်သည် ခင်ပွန်းဖြစ်သူ ၀ဏ္ဏထွန်း (စုံစမ်းဆဲ)က ကလေးပေးမည်ဟု ပြောဆိုသဖြင့် လှိုင်သာယာမြို့နယ်၊ (၁၅) ရပ်ကွက်ရှိ ခင်ပွန်းဖြစ်သူ နေအိမ်သို့သွားရောက်စဉ် အက်စစ်ဖြင့် အပက်ခံလိုက်ရသည်ဟု လည်း ရဲအားအမှုဖွင့်ရာတွင် ထွက်ဆိုထားကြသည်။
ခင်ပွန်းဖြစ်သူ ၀ဏ္ဏထွန်းက အက်စစ်နှင့်ပက်သဖြင့် မခင်မြတ်မွန်နှင့် မခင်ဝေေ၀လွင်တို့တွင် ၀ဲပါး၊ လက်၊ ခြေထောက်၊ ဦးခေါင်း၊ ရင်ဘတ်၊ ၀မ်းဗိုက်တို့တွင် အက်စစ်လောင်ကျွမ်း ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန် ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရသည်။
ထို့ကြောင့် သမီးဖြစ်သူနှင့် သမီးသူငယ်ချင်းတို့အား အက်စစ်ဖြင့်ပက်သည့် ၀ဏ္ဏထွန်းကို အရေးယူပေးရန် မခင်မြတ်မွန်၏ မိခင်ဖြစ်သူ ဒေါ်ဥမ်္မာအောင်က အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို လှိုင်သာယာရဲ စခန်းက (ပ)၁၉၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
ဖေဖော်ဝါရီ ၁၀ ရက်ကလည်း အင်းစိန်မြို့နယ်တွင် ခေတ္တကွဲနေသည့် ခင်ပွန်းဖြစ်သူက ကလေးလာရောက် ခေါ်ယူရန် အကြောင်းကြားသဖြင့် သွားရောက်ခေါ်ဆောင်သည့် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အက်စစ် ဖြင့် ပက်ခံရမှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကိုလည်း အင်းစိန်ရဲစခန်း က (ပ)၁၃၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၂၆ ဖြင့် အရေးယူ ရန် ဆောင်ရွက်လျက်ရှိသည်။
Mizzima
0 comments:
Post a Comment