ပြည်ထောင်စုအစိုးရအဖွဲ့အား အယုံကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ သည် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆန္ဒပြပွဲပြီးနောက် ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့သည်။
သွားရောက်အဖမ်းခံခဲ့သူမှာ M.D.C.Fအဖွဲ့မှ ခေါင်းဆောင်ကိုထင်ကျော်ဖြစ်သည်။ ၎င်းသည် ယခုလ ၁၄ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့အား အယုံကြည်မရှိကြောင့် တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့စာတင်ခဲ့ပြီး ရဲစခန်းမှခွင့်ပြုသော် လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခွင့်မပြုခဲ့ကြောင်း ထို့နောက် တိုင်းဒေသကြီး
" ပုဒ်မ ၁၈ကို အယုံကြည်မရှိဘူး။ အယုံကြည်မရှိလို့လည်း ခွင့်မပြုလည်း ပြမှာပဲ။ ပြီးမှ ကိုယ်တိုင်သွား အဖမ်းခံလိုက်မယ်။ ပြည်သူ့အတွက်ဆို ကြိုးစင်တက်ရဲတယ်"ဟု သွားရောက်အဖမ်းခံသူ ကိုထင်ကျော်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၈) ရက် နံနက်ပိုင်းက M.D.C.F အဖွဲ့အပါအ၀င် သမီးကလေးကျေးရွာသူကျေးရွာသူကျေးရွာသားများ၊နိုင်ငံရေးတက်ကြွက်လှုပ်ရှားသူများစသည့် အင်အား ၅၀ခန့်သည် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ်ပတ်ကာ လူကဲ့သို့ကျင်ကြံနေထိုင်နိုင်ရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖြုတ်ချရေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြုတ်ချရေး လူ့အခွင့်အရေးအပြည့်အ၀ရရှိရေးစသည့် ကြွေးကြော်သံများကြွေးကြော်က လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
သတင်း/ဓါတ်ပုံ - ဖိုးလပြည့်
Popular Myanmar News Journal
0 comments:
Post a Comment