နောက်ကျောမှာ ၁၄.၅ လက်မရှိတဲ့ အမြီးပေါက်လာတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ကို နတ်ဘုရား အဖြစ် ကိုးကွယ်နေကြကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်၊ အလီပါဒူရား ဒေသက အသက် ၃၅ နှစ်အရွယ်
ချန်ဒရီ ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဟိန္ဒို မျောက်နတ်ဘုရား
ဟာနုမန် ၀င်စားတယ် ဆိုပြီး နာမည်ကြီးလျက်ရှိပါတယ်။
ချန်ဒရီဟာ
သစ်ပင်တွေကိုလည်း မျောက်တစ်ကောင်လို တက်ဆင်းနိုင်တဲ့အတွက်
ဟာနုမန် ၀င်စားတယ်ဆိုတဲ့ အချက်ကို ပိုမိုယုံကြည်နေကြတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ချန်ဒရီကို ကိုးကွယ်သူအများအပြားဟာ မိုင်ပေါင်းများစွာကနေ
ချန်ဒရီ ဆီ အရောက်လာကြပြီး သူ့ ရဲ့ အိမ်အပြင်ဘက်မှာ
တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ချန်ဒရီရဲ့ အမြှီးနဲ့ ထိတွေ
့ကောင်းချီးပေးမှုကို ခံယူချင်ကြတဲ့အတွက် အခုလို မိုင်ပေါင်းများစွာကနေ
အပင်ပန်းခံလာရောက်ရတာပါလို့  သိရှိရပါတယ်။
“ ကျုပ်ဟာ ဟာနုမန် ပဲ ။
ကျုပ်အမြှီးကြောင့် ကျုပ်ကို လူတွေအကုန်လေးစားရတယ်။ ဒီအမြှီးက ကျုပ်အတွက်
အနှောင့်အယှက်မဖြစ်ဘူး။ ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ” လို့ မစ္စတာ ချန်ဒရီက
ပြောကြားပါတယ်။
ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ ချန်ဒရီ ရဲ့ အမြှီးဟာ
ရှားပါးတဲ့ မွေးရာပါမျိုးရိုးဗီဇချို့ ယွင်းမှု တစ်ခုကြောင့်ဖြစ်ပြီး
ခွဲစိတ်ဖယ်ရှားပစ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ဒရီကတော့ သူ
့အမြှီးကို ဖယ်ရှားမယ့် အကြံကို အပြင်းအထန်ငြင်းဆန်နေပါတယ်။
“ကျုပ်ငယ်ငယ်တုန်းက အမေက အမြှီးကို တစ်ခါ ဖြတ်ပစ်ဖူးတယ်။ သိပ်မကြာလိုက်ဘူး။
ကျုပ်အပြင်းအထန် ဖျားတော့တာပဲ။ သေမလိုတောင်ဖြစ်ခဲ့တယ်လို
့ကျုပ်အမေပြောဖူးတယ်” လို့ ချန်ဒရီက ပြောကြားခဲ့ပါတယ်။
“
ဒါကြောင့် ကျုပ်အမြှီးကို ဒီအတိုင်းထားသင့်တယ်လို့ အားလုံး
ဆုံးဖြတ်လိုက်တယ်။ ကျုပ် အမြီးဟာ ကြီးကျယ်မြင့်မြတ်တဲ့အတွက် အခုလို
ဖျားနာခဲ့ရတာလို့ ကျုပ်မိသားစုက ထင် တယ်လေ”
ချန်ဒရီရဲ့
ဦးလေးဖြစ်သူ ရမ် က “ အသက်ကြီးလာတာနဲ့ သူ့ အမြီးက ထပ် ရှည်လာတာပဲ။ ဒါဟာ
ဘုရားက ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုပဲဆိုတာ ကျွန်တော်တို
့ရိပ်မိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။
Credit : Trend Myanmar

0 comments:
Post a Comment