
ကမ်းနီးငါးဖမ်းရေလုပ်သားများဥပဒေမဲ့ အနိုင်ကျင့်ခံနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရသိရှိစေရန် ရခိုင်ပြည်နယ်၊ ဂွမြို့၊ ကျိန်တလီမြို့နယ်ခွဲပိုင် ပုန်းညက်ကျေးရွာကမ်းခြေ တွင် ဒေသခံများက မီဒီယာများကို ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ကမ်းနီးငါးဖမ်းလုပ်ငန်းရှင် သုံးဦးနှင့်ဝါရင့်ရေလုပ်သားသုံးဦးတို့က ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကိုပြောကြားခဲ့ရာတွင် တရားဝင်လိုင်စင်အခွန် အခများပေးဆောင်
““ရဲကိုတိုင်တော့လည်း ရဲမှာအသုံးပြုဖို့လှေ၊ မော်တော်ဘာမှမရှိဘူး၊ သေနတ်ကလေးတစ်လက်နဲ့ ပင်လယ် ထဲသွားလို့လည်းမဖြစ်ဘူး၊ ငါးလုပ်ငန်းဦးစီးကလည်း စပိဘုတ်လေးတစ်စီးပဲရှိတယ်၊ တကယ်တော့ ရေတပ်နဲ့ အစိုးရပူးပေါင်းပြီးလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်””ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုကျော်စိုးလင်းက ပြောကြားသည်။ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာတွင်ရေလုပ်ငန်းရှင် ဦးတင့်ထွန်းက ကမ်းနီးငါးဖမ်း လုပ်သားများ နေ့စဉ်ကြုံတွေ့နေရသည့်အခက်အခဲများကို အကာအကွယ်ပေးနိုင်မည့် ပုဂ္ဂိုလ်တွေသိအောင် ယခုလိုတင်ပြရခြင်းဖြစ်ကြောင်း၊ ကမ်းဝေးသင်္ဘောများသည် ကမ်းခြေမှဆယ်မိုင်အတွင်းဝင်ခွင့်မရှိသော်လည်း ကမ်းနှင့် သုံးဖာလုံခန့်နီးသည်အထိ တစ်ခါဝင်လျှင် သင်္ဘောအစီး (၂၀)ခန့်အထိ ပိုက်ကြီးများတိုက်၍ ငါး ဖမ်းခြင်းကို ရမ်းရမ်းကားကား လုပ်ဆောင်နေကြတာဖြစ်ကြောင်းပြောကြားသည်။
““ဒီအရပ်ဒေသမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းက ဒီပင်လယ်ပြင်ကြီးကိုမှီခိုနေရသူတွေဖြစ်ပါတယ်၊ အခုတော့ ဒီပင်လယ်ကြီးမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ရေလုပ်သားမိသားစုတွေ လူဦးရေသောင်းနဲ့ချီပြီး ဒုက္ခ ရောက်နေကြပါတယ်၊ အချို့ဆိုကလေးတွေ ကျောင်းတောင်မထားနိုင်တော့ပါဘူး””ဟု ၎င်းကထပ်မံပြောကြား သည်။ ငါးဖမ်းရေလုပ်သားများမှ ညနေ ၄နာရီတွင် ပင်လယ်တွင်းဆင်း၍ နောက်တစ်နေ့မနက် ၉ နာရီ အထိ ငါးဖမ်းရကြောင်း၊ နေလှန်းထားသည့် ငါးများကိုရွေးချယ် သန့်စင်ပေးသည့် အလုပ်သမများက တစ်နေ့ ကို သုံးထောင်ကျပ်ရကြောင်း၊ ယခုအခင်းဖြစ်နေသည့် ကမ်းခြေမှာလည်း ကျိန်တလီချောင်းနှင့် ထီးရူးချောင်း၊ အတွင်းနေရာမှာ၂၀၀၂ ခုနှစ်ကသိမ်းဆည်းခံခဲ့ရသည့် တပ်သိမ်းမြေဖြစ်ပြီး စစ်တပ်ကို မြေငှားခပေးသွင်းနေ ရကြောင်း သိရသည်။
Hot News
0 comments:
Post a Comment