
၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊ပစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီး ပစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော
ဆက်လက်၍ ပြစ်မှုကျူးလွန်သူများနှင့် ကျန်ရှိနေသေးသောပြိုင်ကားများ ရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၅.၂.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ထက်အောင်လူ မောင်းနှင်ခဲ့သော YGN 4C-4238 FRAND CHIEROKEE JEEP အနက်ရောင်ယာဉ်နှင့် ကာင်းစည်သူ မောင်းနှင်ခဲ့သော MDY 7C-5830 NissanFairlady350Z ခဲပုတ်ရောင်ပြိုင်ကားတို့ကို မိဘအုပ်ထိန်းသူများက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။
ပြစ်မှုကျူးလွန်သူများဖြစ်ကြသော ကိုကိုနိုင်(ဘ)ဦးစိန်မောင်၊(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ(ဘ)ဦးအေးမြင့်၊ (၂)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ ဝေယံလင်း(ဘ)ဦးနေထွန်း၊(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ထက်အောင်လူ(ဘ)ဦးလူမော်၊(၃)ရပ်ကွက်၊တောင်ဥက္ကလာပ မြို့နယ်၊ ကောင်းစည်သူ(ဘ)ဦးကိုကိုအောင်၊ (၅)ရပ်ကွက်၊တာင်ဥက္ကလာပမြို့နယ်နေသူတို့ (၅)ဦးတို့ကို ၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ပို့အပ်ပေးခဲ့သဖြင့် ၂၅.၂.၂၀၁၄ရက်နေ့၁၈၀၅ အချိန်တွင် ၎င်းတို့ အားစစ်ဆေးလျက်ရှိပါသည်။
ယခုအမှုနှင့်ပတ်သက်၍ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့်အညီ ပြည်သူများက သတင်းပေးခဲ့ ၍လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများ၏မိဘအုပ်ထိန်းသူများကလည်း သက်ဆိုင်ရာရဲစခန်းသို့ ကြိုတင်ညှိနှိုင်းပြီး လာရောက်အပ်နှံပေးခဲ့၍လည်းကောင်း အမြန်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ယခုကဲ့သို့ပြစ်မှုကျူးလွန်သူများ၏ သတင်းများအပေါ်ပည်သူများနှင့် ပူးပေါင်းဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှုရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကိုလေးစားလိုက်နာရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြိုင်ကားမောင်းနှင်သူများ၏ မိဘများ ကိုယ်တိုင် လှိုင်မြို့မရဲစခန်းသို့ပြိုင်ကားများနှင့်အတူ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်းင့် မှတ်တမ်းတင် ထားရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နောင်တွင်လည်း မိဘပြည်သူများက မိမိတို့၏ သားသမီးများ၏ ဘ၀ရှေ့ရေးကောင်းမွန် လာစေရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်း၍ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းကူညီမှုပေးကာ ပြည်သူများအားလုံး စည်းကမ်းရှိစွာ သွားလာနေထိုင်ကြရေး ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။
Yangon Police
0 comments:
Post a Comment