
ရုရှားနိုင်ငံ မြောက်ပိုင်းရေယာဉ်စုသည် အာတိတ်ဒေသတွင် အသုံးပြုရန်
အဆင့်မြှင့်တင် ထားသည့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး တိုက်လေယာဉ် Il-38N အား
စမ်းသပ်ပျံသန်း သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်က မြောက်ပိုင်း
ရေယာဉ်စုပြောရေး ဆိုခွင့်ရှိသူ ဗာဒင်ဆာဂါက ပြောကြားခဲ့သည်ဟု အင်တာနက်
သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ လေယာဉ်တွင် ရေအောက် အသံလွှင့်စ နစ်နှင့်
လျှပ်စစ် သံလိုက်ရေဒီယို အချက်ပြစနစ်
သစ်များ အဆင့်မြှင့်တင် တပ်ဆင်ထာ
းပြီး
Novella အာရုံခံစနစ် တပ်ဆင်ထားကြောင်း သိရသည်။ ၎င်း Novella အာရုံခံစနစ်
တပ်ဆင် ထားသောကြောင့် ပင်လယ်ရေကြောင်း ကင်းလှည့် တိုက်လေယာဉ်
တစ်စင်းကဲ့သို့ အီလက်ထရွန်နစ် စောင့်ကြည့် ထောက်လှမ်းရေး ဆောင်ရွက်နိုင်မည်
ဖြစ်ကြောင်း၊ ၃၂ဝ ကီလိုမီတာ (၁၉၈ ဒသမ ၈ မိုင်) အကွာရှိ ပစ်မှတ်များအား
ရှာဖွေနိုင်စွမ်း ရှိကြောင်းနှင့် မြောက်ပိုင်းရေယာဉ်စု အနေဖြင့် ၂ဝ၁၄
ခုနှစ်တွင် အာတိတ်ဒေသ၌ လေကြောင်းကင်းလှည့်မှု အကွာအဝေး ချဲ့ထွင်သွား မည်
ဖြစ်ကြောင်း ဆာဂါက ပြောကြားခဲ့သည်။ ရုရှား၊ ကနေဒါ၊ ဒိန်းမတ်၊ အမေရိကန်နှင့်
နော်ဝေနိုင်ငံတို့သည် မြောက်ပိုင်းဒေသ ပင်လယ်များ အတွင်း ၎င်းတို့၏
အထူးသီးသန့် စီးပွားရေးဇုန် အား ရေမိုင် ၂ဝဝ (၃၇ဝ ကီလိုမီတာ)ထက်
ပိုမိုချဲ့ထွင်သွားရန် ဆယ်စုနှစ် တစ်စုကျော် ကတည်းက သိပ္ပံဆိုင်ရာ
အထောက်အထားများ စုဆောင်းလျက်ရှိကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment