ပါတီ၏ မူဝါဒနှင့်ဆန့်ကျင်၍ ဟောပြောခြင်းမဟုတ်၊ မိမိတစ်ဦး တည်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် အရပြောခဲ့ခြင်းဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က မြန်မာ ဂျာနယ်လစ်ကွန်ရက်၌ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ယနေ့ပြောကြားသည်။
ယခုလ ၂ ရက်က ဗိုလ်စိန်မှန် ကွင်း၌ ပြုလုပ်ခဲ့သည့် ၅၉(စ)နှင့် ပတ်သက်သည့် ဟောပြောပွဲတွင် မီဒီယာတစ်ခုက ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်းတို့တွင် သမ္မတအဖြစ် မည်သူ့ကိုမဲပေးမည် နည်းဟူသောမေးခွန်းမေးခဲ့ရာဒေါ်ခင် ဝိုင်းကြည်က သူရဦးရွှေမန်းကိုသာ မဲပေးမည်ဟူသောအဖြေအား မိမိ ၏ပုဂ္ဂိုလ်ရေးအရ ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပါတီ၏မူဝါဒနှင့်ဆန့် ကျင်၍ ဟောပြောခဲ့ခြင်းမဟုတ် ကြောင်း ဆိုသည်။
''မီဒီယာတစ်ခုက အန်တီဝိုင်း ကို မေးတယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူရဦးရွှေမန်း ဘယ်သူ့ ကိုမဲပေးမလဲလို့ မေးတယ်။
အဲ့ဒီလို နှစ်ယောက်တည်းပဲ ရွေးမယ်ဆိုလို့ ရှိရင် အန်တီဝိုင်းက သူရဦးရွှေမန်း ကိုပဲပေးမယ်လို့ပုဂ္ဂိုလ်ရေးအရပြော ခဲ့တာ''ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ သတင်းများထွက် ပေါ်လာခဲ့သော်လည်း ပါတီအတွင်း ထိခိုက်မှုမရှိကြောင်း၊ စတုတ္ထမဏ္ဍိုင် ဖြစ်သော မီဒီယာများအနေဖြင့် လည်း မိမိ၏ရောင်းအားကိုမကြည့် ဘဲမီဒီယာကျင့်ဝတ်နှင့်အညီ ရေး သားစေချင်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်၊ ပြည်သူနှင့်ပါတီအပေါ် တွင် သစ္စာမဖောက်ကြောင်း ၄င်း က ဆိုသည်။
The Union Daily
0 comments:
Post a Comment