Wednesday, February 19, 2014

မွန်အမျိုးသားနေ့အခမ်းအနား စစ်ရေးပြခွင့်မရ

မွန်ပြည်နယ်၊ ရေးမြို့နယ် ကိုရင်လေးဘုရားတောင်တွင် ဇန်န၀ါရီ ၁၅ ရက်က ကျင်းပခဲ့သည့် ၆၇ ကြိမ် မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စစ်ရေးပြချီတက်မှုများပြုလုပ်ရန် စီစဉ်ထားသော်လည်း အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က ခွင့်ပြုချက်မပေးခြင်းကြောင့် ပြုလုပ်ခွင့်မရခဲ့ဟု မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင် ထောမွန်က ပြောသည်။

“နဂိုကတော့ ကိုရင်လေးဘုရားတောင်မှာ ဆရာတော်ရဲ့ “ရာမည အတုလ” လေးမျက်နှာပုထိုးတော် ထီး တော်တင်ပွဲနဲ့အတူလုပ်ဖို့ စီစဉ်ထားတာ။ အဲဒီမှာ စစ်ဝတ်စုံနဲ့ စစ်ရေးပြချီတက်ဖို့ အရှေ့တောင်တိုင်းက ခွင့်မပြုခဲ့ဘူး”ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် “ရာမည အတုလ” လေးမျက်နှာပုထိုးတော်ကို ထီးတော်တင်ပွဲ ပြုလုပ်ကာ ၁၅ ရက်တွင် မွန်အမျိုးသားနေ့ တစ်ဆက်တည်း ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော် ထိုအခမ်းအနား တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရေးပြစစ်ကြောင်းများဖြင့် ချီတက်ရန် ပြင်ဆင်ထား ခြင်းကို ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ခွင့်ပြုချက်မရခြင်းနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး တာဝန်ခံဗိုလ်မှူးကြီးစန်းက နှစ်ဖက်အကြား ဆက်သွယ်ချိတ်ဆက်မှု လွဲမှားခဲ့ခြင်းကြောင့် ဖြစ်ခဲ့ခြင်းဟု သာ မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အလားတူပင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ အစီအစဉ်ဖြင့် ပြုလုပ်မည့် အခမ်းအနားကိုမူ ထားဝယ် ခရိုင်စခန်းရှိ ၀ယ်ဇင်စခန်း အာဇာနည်ကုန်းသို့ နှစ်ရက်အတွင်း ပြောင်းရွှေ့ကျင်းပရန် မွန်ပြည်သစ်ပါတီ ဌာနချုပ်မှ ထားဝယ်ခရိုင်ကို ညွှန်ကြားချက်ပေးခဲ့သည်။

“ဘာကြောင့် အသေအချာ မပြောနိုင်ပေမယ့် ဒီဘုရားပွဲနဲ့ မွန်အမျိုးသားနေ့ကို တစ်ဆက်တည်း ကျင်းပ မှာဖြစ်လို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကို ပြည်သူလူထုတွေရဲ့ အာရုံစိုက်မရှိအောင် ခွင့်မပြုခဲ့တာဖြစ် နိုင်တယ်”ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဗညားလယ်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိုအခြေအနေများသည် ဒေသတွင်းအာဏာပိုင်များနှင့် မွန်ပြည်သစ်ပါတီတို့အကြား ဖြစ် ပွားခဲ့သည့် ပြဿနာရပ်သာဖြစ်၍ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးနေဆဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေမည်မဟုတ်ဟု ဥက္ကဋ္ဌနိုင်ထောမွန်က ဆို သည်။

စစ်ဝတ်စုံများဖြင့် စစ်ရေးပြချီတက်ပြီး ကိုရင်လေးဘုရားတောင်၌ မွန်အမျိုးသားနေ့ ပြုလုပ်ရန်မှာ ဆရာ တော် အရှင်ပုပ္ဖရမ္မမှ မွန်ပြည်သစ်ပါတီသို့ တင်ပြခဲ့သည့် အစီအစဉ်ဖြစ်ကာ မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင်မှ မွန်ပြည်သစ်ပါတီဌာနချုပ်သို့ အကြောင်းကြား၍ စီစဉ်ခဲ့သည့် အစီအစဉ်ဖြစ်သည်။

စစ်ရေးပြရန် ခွင့်မပြုခဲ့ခြင်းနှင့်ပတ်သက်၍လည်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးလည်းဖြစ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဆင်ရေး အထူးအဖွဲ့(၄)၏ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်သက် နိုင်ဝင်းက ဖေဖော်ဝါရီ ၁၆ ရက်က ကိုရင်လေးဘုရားတောင်သို့ လာရောက်၍ ဆရာတော်အား လာ ရောက် တောင်းပန်ခဲ့ကြောင်း ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဗညားလယ်က ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment