အမေရိကန်တွင် မက်စီမိုကာမီနဲရို အမည်ရှိ အနုပညာရှင်တစ်ဦးသည်
မီယာမီမြို့တွင် ပြတိုက်အပေါ် မကျေနပ်မှုကို ဖော်ပြသည့်အနေဖြင့်
တရုတ်အမျိုးသား အနုပညာရှင် အိုင်ဝေေ၀၏လက်ရာ အလှပန်းအိုး တစ်လုံးကို
ကြမ်းပြင်ပေါ်သို့ ပစ်ချ ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ဘီဘီစီ
သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုပန်းအိုးတန်ဖိုးမှာ ပေါင်ခြောက်သိန်း သို့မဟုတ် အမေရိကန်ဒေါ်လာ တစ်သန်း တန်ကြေးရှိသည်။ ရဲတပ် ဖွဲ့ဝင်များ၏အဆိုအရ ပဲရက်ဇ် အနုပညာပြခန်းတွင် ဒေသခံ အနုပညာရှင်များ၏ လက်ရာများကို ပြသရန် ပျက်ကွက်သည့်အတွက် မကျေနပ်ချက်ကို ဖော်ပြသည့် အနေဖြင့် ပြခန်းမြေညီထပ်တွင် ပြသထားသော တရုတ်ရိုးရာ အနုပညာလက်ရာ ပန်းအိုးတစ်လုံးကို တမင်တကာ ခွဲခဲ့သည်။
ပြတိုက်တွင် ပြသထားသည့် တရုတ်ရိုးရာ အနုပညာပန်းအိုးတစ်လုံးကို မက်စီမိုကာမီနဲရိုက ကိုင်ကြည့်စဉ် ပြန်ချထားရန် သူ့အားပြောဆိုသောအခါ သူက ပန်းအိုးကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချဖျက်ဆီးခဲ့သည်ဟု တရားရုံးတော်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကျမ်းကျိန် ထွက်ဆိုသွားခဲ့သည်။
လက်ရာရှင်အိုင်ဝေေ၀မှာ ၂၀၁၁ ခုနှစ်က တရုတ်အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လိုက်လံဖမ်းဆီး စဉ်က အကျဉ်းချခံခဲ့ရသူ ဖြစ်သည်။
Mizzima
0 comments:
Post a Comment