ဧရာဝတီတိုင်းအတွင်း မြို့ရွာများရှိ မြေလွတ်များ၊ ကားလမ်း၊ ရထားလမ်းဘေးရှိ
လယ်မြေများကို ရောင်း ချခြင်း၊ လွှဲပြောင်းနေခြင်းများ ပြုလုပ်နေမှုများ
လယ်ယာမြေ ဥပဒေနှင့်အညီ တိကျစွာ ဆောင်ရွက်ပေးရန် ငပုတောမြို့နယ်မှ
တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ဖေဖော်ဝါ ရီ ၁၈ ရက် တိုင်းလွှတ်
တော်အစည်းအဝေးတွင် အဆို တစ်ရပ် တင်သွင်းခဲ့သည်။
“စက်ရုံ၊ အလုပ်ရုံတွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ နေချင်းညချင်း တိုးတက်လာတဲ့ လမ်း၊ တံတားများ၊ ရထား လမ်းများဟာလည်း လယ်မြေတွေမှာ နေရာယူထားကြပြီး ဖြစ်ပါတယ်၊၊ ပြီးခဲ့တဲ့ လယ်ယာမြေမှုခင်းတွေ ရဲ့ ကျေးရွာ၊ မြို့နယ်ဖြစ်စဉ်တွေ အဆင့်ဆင့်မှာ မသင့်တာတွေ လုပ်တော့ မဖြစ်သင့်တဲ့ ဆန္ဒပြမှုတွေကို တိုင်းအတွင်းမှာ တွေ့မြင်ရ ကြားသိနေရခြင်း ဖြစ်ပါတယ်”ဟု အဆိုရှင်ဦးအေးကြည်က လွှတ်တော်သို့ ပြောဆိုလိုက်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း လယ်ယာမြေ မိုးစပါးစိုက်ဧက ၃၆ ဒသမ ၈၉ သိန်းနှင့် နွေစပါးဧက ၁၂ ဒသမ ၇၆ သိန်းရှိသော်လည်း လယ်မြေများမှာ သိမ်းဆည်းခံရမှုများ၊ အိမ်ခြံမြေ ဥယျာဉ်ခြံမြေအဖြစ် ပြောင်းလဲ ခြံခတ်မှုများရှိနေရာ နောင်တွင် စိုက်ဧကများ လျော့နည်းလာနိုင်ကြောင်းလည်း ၎င်းက ထောက်ပြ ပြောဆိုသည်။
“မြိုဦး၊ ရွာဦးများနဲ့ ကားလမ်း ရထားလမ်းဘေးတွေမှာ လယ်မြေတွေကို ကျောက်တိုင်များစိုက်ပြီး လယ် မြေကို ပိုင်ရှင်ဖြစ်ဖို့ ဦးပိုင်လုပ်နေတာတွေဟာ မည်သည့်ခွင့်ပြုချက်နဲ့ ရောင်းပါသလဲ၊ လယ်ကို ခြံကာပါ သလဲလို့မေးရင် ရှင်းနေသောအဖြေတွေ သိနေပါလျက် မျက်စိမှိတ်နေကြတယ်”ဟု ဦးအေးကြည်က ဆို သည်။
၎င်းက အဆိုတင်ရာတွင် မြို့အနီးနှင့် ရွာကြီး ၂၀ ခန့်မှာ တစ်နှစ်လျှင် လယ်ဧက ၁၀၀ ခန့် လျော့နည်း လာသည်ဆိုပါက တစ်မြို့နယ်လျှင် ဧက ၂၀၀၀ ခန့် ဆုံးရှုံးသွားနိုင်ပြီး တစ်တိုင်းလုံးတွင် တစ်နှစ် လယ် ဧက ၅,၂၀၀ခန့် လျော့နည်းသွားနိုင်ရာ နောင်နှစ် ၂၀ ကျော်ကာလတွင် လယ်ဧက ၁,၀၄၀,၀၀၀ ခန့် ပျောက်ကွယ်သွားနိုင်သည်ဟု တွက်ချက်ပြော ဆိုသည်။
ဦးအေးကြည်၏ အဆိုနှင့်ပတ်သက်ပြီး ဇလွန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က “မြို့အထွက်တွေမှာ အခုဆို ဆန်စက်တွေ၊ ဓာတ်ဆီဆိုင်တွေ ဖြစ်ကုန်ပြီး၊ အရင် ကျွန်တော်တို့ မြို့စံပြ စိုက်ကွင်းနေရာမှာ ဆန်တွေဖြစ်ကုန်တယ်၊ လယ်မြေတွေမှာ ကျောက်တိုင်တွေစိုက်ထားပြီး ဘာမှမလုပ် ပဲထားရှိတယ်။ နောင်ရေးအတွက် အစီအမံ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးသင့်ပါတယ်”ဟု ထောက်ခံပြောဆိုသည်။
ယင်းအဆိုကို တိုင်းလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှာလည်း ထောက်ခံခဲ့ပြီး လွှတ်တော်သ ဘောထားယူရာ သဘောတူခဲ့သဖြင့် အဆိုအား ဖေဖော်ဝါရီ၂၁ ရက်တွင် တိုင်းလွှတ်တော်အစည်းအဝေး တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။
Mizzima
0 comments:
Post a Comment