
တရုတ်နိုင်ငံတောင်ပိုင်း ကျဲကျန်းပြည် နယ်
ပါနန်ခရိုင်တွင် ဖေဖော်ဝါရီ ၁၃ ရက်ညနေပိုင်းက မင်္ဂလာပွဲ ကျင်းပနေစဉ်
အဆောက်အအုံ ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦးသေဆုံးပြီး လူ၉၁
ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိ သူများအနက် ၁၁ ဦးမှာ စိုးရိမ်ရကြောင်းနှင့် ၎င်းတို့အားလုံးကို
ဆေးရုံသို့
ပို့ဆောင်ပေး ခဲ့ကြောင်း ဒေသ တွင်း အစိုးရအဖွဲ့၏ ပြောကြားချက်အရ
သိရသည်။ ပြိုကျခဲ့သည့် အဆိုပါ အဆောက်အအုံသည် အိုမင်းဟောင်းနွမ်းနေပြီး
ယင်းအဆောက်အအ အမိုးပေါ်သို့ နှင်းခဲများ စုပုံလာ မှုကြောင့်
ပြိုကျခဲ့ရဖွယ်ရှိသည်ဟု ဒေသခံပြည်သူများက ပြောကြားခဲ့သည်။ အဆိုပါ
အဆောက်အအုံ ပြိုကျမှုနှင့် စပ်လျဉ်း၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်
ရှိသည်ဟု သိရသည်။
မြ၀တီ
0 comments:
Post a Comment