Wednesday, February 26, 2014

၂၀၁၄ တွင် ကုန်ခြောက်ဈေးနှုန်း အမြင့်ဆုံဖြစ်နေ

ဖေဖော်ဝါရီ ၂၄ ရက် ဘရင့်နောင် ကုန်ဈေးနှုန်းများအရ ၂၀၁၂မှ ၂၀၁၄ အတွင်း ကာလတူ သုံးနှစ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက်ဈေးနှုန်းများတွင် မတ်ပဲ၊ ကြက်သွန်နီ၊ ရှမ်းကြက်သွန်ဖြူ၊ အာလူး၊ ထန်းလျက်၊ ငရုတ်၊ မန်ကျည်းဈေးနှုန်း များမှာဈေးနှုန်း အမြင့်ဆုံးဖြစ်နေကြောင်း ယခုကာလတွင် အဆိုပါ ကုန်စည်များအသစ်ထွက်ပေါ်ခြင်း၊ ထွက်ပေါ်ရန် အချိန်နီး ကပ်နေခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူများ ဈေးနှုန်းကောင်းများရရှိပြီး ဝင်ငွေပိုလာမည်ဟု ကုန်သည်များက ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင်မတ်ပဲ RC တစ်တန် ကျပ်၅၉၂၀၀၀နှုန်း၊ ဆိပ်ဖြူကြက်သွန်နီ
တစ်ပိဿာငွေကျပ် ၂၀၀ မှ ၄၂၅ အတွင်း၊မြစ်သားကြက် သွန်နီ တစ်ပိဿာငွေကျပ် ၅၅၀ မှ ၇၂၅ အတွင်း၊ရှမ်းကြက်သွန်ဖြူတစ်ပိဿာ ငွေကျပ် ၁၁၀၀ မှ၂၁၀၀ အတွင်း၊ ဆင်ဖြူကျွန်း အာလူးတစ်ပိဿာ ငွေကျပ်၂၀၀ မှ ၆၄၀ အတွင်း၊ ညောင်ဦး ဆေးခတ် ထန်းလျက် တစ်ပိဿာငွေကျပ် ၁၀၂၀၊ ပခုက္ကူ ထန်းလျက်ကြမ်းတစ်ပိဿာ ငွေကျပ် ၁၀၅၀ နှုန်း၊မိုး ထောင်ပျော်ဘွယ် ငရုတ်တစ်ပိဿာ ငွေကျပ် ၂၇၀၀-၂၈၀၀ နှုန်း၊ဒါးဇင်း မန်ကျည်း အသစ်တစ်ပိဿာငွေကျပ် ၆၂၅ နှုန်းရှိကြောင်း သိရ သည်။

၂၀၁၃ ဖေဖော်ဝါရီ ၂၅ ရက်တွင် မတ်ပဲ RC တစ်တန် ငွေကျပ်၄၆၇၀၀ နှုန်း၊ အာလူး တစ်ပိဿာငွေကျပ် ၂၈၀ မှ ၅၈၀ အတွင်း၊ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာငွေကျပ် ၃၅၀ မှ ၃၇၅၊ မြစ်သားကြက်သွန်နီ တစ်ပိဿာ ငွေကျပ်၅၀၀ မှ ၅၂၅ ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာ ငွေကျပ် ၄၀၀ မှ ၁၂၀၀ ၊ညောင်ဦးဆေး ခတ်ထန်းလျက် တစ်ပိဿာ ငွေကျပ် ၁၀၀၀၊ ပခုက္ကူ ထန်းကြမ်းတစ်ပိဿာ ၇၆၀၊ မိုးထောင်ငရုတ်တစ်ပိဿာ ငွေကျပ် ၁၈၀၀-၁၉၀၀ နှုန်း၊ မန်ကျည်း ဒါးဇင်းအသစ်တစ်ပိဿာငွေကျပ် ၃၅၀နှုန်းရှိခဲ့သည်ဟု ဈေးနှုန်းအ ဟောင်း အရသိရသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်တွင် မတ်ပဲ RC တစ်တန် ငွေကျပ်၄၄၂၀၀၀ နှုန်း၊ ဆိပ်ဖြူကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၂၀၀ မှ ၄၅၀၊မြစ်သားကြက်သွန်နီ တစ်ပိဿာငွေကျပ် ၃၂၅ မှ ၇၀၀ အတွင်း၊ ရှမ်းကြက် သွန်ဖြူ တစ်ပိဿာ ငွေကျပ်၆၅၀ မှ ၁၃၅၀ အတွင်း၊ အာလူးတစ်ပိဿာ ငွေကျပ် ၂၄၀ မှ ၅၆၀အတွင်း၊ ညောင်ဦးဆေးခတ်ထန်းလျက်တစ်ပိဿာ ငွေကျပ် ၅၇၀၊ပခုက္ကူထန်းကြမ်းတစ်ပိဿာ ငွေကျပ်၅၇၀၊ မိုးထောင် ငရုတ်တစ်ပိဿာငွေကျပ် ၂၅၀၀-၂၈၀၀၊ ဒါးဇင်းမန်ကျည်း အသစ်တစ်ပိဿာ ငွေကျပ်၅၀၀ နှုန်းသာရှိကြောင်း သိရသည်။

အဆိုပါ ကုန်စည်ဈေးနှုန်းများ အမြင့်ဆုံးဖြစ်နေချိန် ဖေဖော်ဝါရီနောက်ဆုံး ပတ်ဖြစ်သော ဖေဖော်ဝါရီ၂၄ ရက်တွင် စားအုန်း ဆီပြည်ပနှင့်ပြည် တွင်းဈေးနှုန်းများ ဆက် လက်မြင့်တက်နေရာ ယင်းနေ့တွင် မလေးရှား FOB တစ်တန် ၉၀၅ ဒေါ်လာ၊ပြည်တွင်းငွေလဲနှုန်း ၉၈၅ ကျပ်ဖြင့် ဆိပ်ကမ်းရောက်တစ်ပိဿာ အရင်းဈေး ငွေကျပ် ၁၆၆၇ ရှိပြီး ရန်ကုန်ဆီဈေး ကွက်တွင် လက်ငင်းလက်ကားတစ်ပိဿာ ငွေကျပ် ၁၆၆၀ ဖြင့်ရောင်း ချနေကြောင်း၊ ဖေဖော်ဝါရီ၁၇ ရက်တွင် FOB တစ်တန် ၈၆၅ဒေါ်လာ၊ တစ်ပိဿာအရင်းဈေးနှုန်းငွေကျပ် ၁၅၉၇ နှုန်းရှိပြီး ရန်ကုန်ဈေး ကွက် ရောင်းဈေးမှာ တစ်ပိဿာလက်ကားဈေးနှုန်း ငွေကျပ် ၁၅၈၅နှုန်းရှိခဲ့၍ တစ်ပတ် အတွင်း ပြည်ပဈေး FOB ဈေးနှုန်း တစ်တန်လျှင် ၄၀ ဈေးတက်ပြီး ပြည်တွင်းရောင်းဈေးတစ်ပိဿာ ၇၅ ကျပ်ဈေးနှုန်းမြင့် တက် လာသည်ဟု ဆီရောင်းဝယ် သူများကဆိုသည်။

MOI Webportal Myanmar

0 comments:

Post a Comment