လွန်ခဲ့သော ၂၄.၁၁.၂၀၁၃ ရက်နေ့တွင် မန်းလေးကျုံးမြောက်ဘက် သုဓမ္မါဇရပ်တန်း အနီးတွင် နံနက် ၀၅၃၀ အချိန်ခန့်တွင် လမ်းလျှောက်လာသော ဦးခင်မောင်ဝင်း အသက် ၆၂ နှစ်းအား ဝိုင်းရိုက်ပြီး လည်ပင်း မှ ကျပ်သားခန့်အလေးချိန်ရှိရွှေဆွဲကြိုးတစ်ကုံးအားလုယူ ထွက်ပြေးသွားခဲ့ပါသည်။အရိုက်ခံရသော ဦးခင်မောင်းဝင်း မှာဆေးရုံတွင်ကွယ်လွန် သွားခဲ့ပါသည်။
ထိုအမှု့ကို တိုင်မှု့ခင်းအကူဌာနမှတပ်ဖွဲ့ဝင်များလိုက်လံစုံစမ်းရာ ၁၄.၂.၂၀၁၄ ရက်နေ့တွင် ပြစ်မှု့ကျူးလွန်သူ ရှာကီရာ(ခ)အောင်ကျော်စိုး အသက် ၂၀နှစ် အဘ ဦးချစ် ဘုန်းအိုး အပ်ချုပ်ရပ် အမရပူရမြို့ ၊ ဂျာနယ်မ (ခ)သက်အောင် အသက် ၂၂နှစ် အဘ ဦးဝင်းကို ဘုန်းတော်တိုးရပ် အောင်မြေသာစံမြို့ ၊ သဲသဲ(ခ)သဲပို(ခ)ဝေဝေ အသက် ၂၀နှစ် အဘ ဦးကြည်အောင် အုတ်စက် ဒေါနဘွားရပ် အောင်မြေသာစံ နေသူတိုအားဖမ်းဆီးစစ်ဆေးရာ ပြစ်မှု့ကျူးလွန်းကြောင်းနေ လုယူလာသော ရွှေဆွဲကြိုးအား မန်းမြို့ဈေးရှိရွှေဆိုင် တဆိုင်အားရောင်ချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။ ထို ၃ ဦးအား အမှတ်(၁)ရဲစခန်းတွင် ပြစ်မှု့ပုဒ်မ ၃၀၂-၃၈၂ ဖြင့် အမှု့ဖွင့်အရေးယူထားပါသည်။
၎င်းပြစ်မှု့ကျူးလွန်သူများသည် မန်းလေးကျုံးပတ်လည် ကျင်လည်ကျက်စားနေပြ ပြစ်မှု့ကျူးလွန်သူများဖြစ်ကြောင်း သိရပါသည်။
မန္တလေး ချစ်သူ
0 comments:
Post a Comment