မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေ သူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖေဖော်ဝါရီ ၂၂ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြား သည်။
ဦးသိန်းညွန့်က "တကယ်တမ်းဒါတွေကိုလုပ်ဖို့ ဒီဇင်ဘာလောက်မှ ခွင့်ပြုတော့ ကျွန်တော် တို့ကလည်း တကယ်တမ်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူ့လိုအပ်ချက်ကို သိအောင်လို့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး လုပ်ပါဆိုတဲ့အတိုင်း ကွင်းဆင်းပြီး လုပ် တယ်။ ဒီနေရာမှာ သူတို့တင်လာတဲ့ စာရွက်တွေအတိုင်း မလုပ်ဘူး။ ဒီအတွက် တကယ် ဆင်းရဲတဲ့နေရာတွေကို သေသေချာချာလေး လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေရာမှာ အခက်အခဲ ကတော့ မူဝါဒမတူတာပါ။ အရင်တုန်းကကျွန်တော်တို့ ဖွံ့ဖြိုးရေးကော်မတီမှာက လွှတ်တော် ကိုယ်စားလှယ်တွေပဲပါတယ်။ အခုတော့ သီးခြားမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးရေးကော် မတီ ဆိုပြီး ခွဲထားတဲ့နေရာတွေရှိသလို ဒီနေရာမှာ ဒီကော်မတီတွေက သူတို့ပါ တီစွဲ နဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းလေးတွေကို သွားတာလေးတွေကို လုပ်နေ တာလေးတွေ ရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲရှိတယ်။ နှောင့်နှေးမှုတွေ ဖြစ်စေ တယ်"ဟု ပြောကြားသည်။
အခုတော့ သီးခြားမြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီဆိုပြီး ခွဲထားတဲ့နေ ရာတွေ ရှိသလို ဒီနေရာမှာ ဒီကော်မတီတွေက သူတို့ပါတီစွဲနဲ့ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းေ လးတွေ ကို သွားတာလေးတွေကို လုပ်နေတာလေးတွေရှိတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲရှိတယ်။ ပြည်ထောင်စုလွှတ်တော်မှ မြို့နယ်တစ်မြို့နယ်လျှင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ အား မြို့နယ်တွင်းသောက်သုံးရေ ရရှိရေးဆောင်ရွက်ရန်၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်၊ လမ်းတံတားများ ပြင်ဆင်ရေးနှင့် မြို့နယ်တွင်း ပြည်သူလူထု အမှန်တကယ်လိုအပ်သည်များကို ဖြည့်ဆည်းပေးရေး အသုံးပြုရန် မြို့နယ် ၃၀၀ ကျော်အား ချထားပေးခဲ့ပြီး မြို့နယ်အသီးသီးတွင် အဆိုပါ ရန်ပုံငွေအား စနစ်တကျခွဲဝေ သုံးစွဲနိုင်ရန် ကော်မတီငယ်များ ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။
"ဒါတွေကတော့ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ဖြစ်နေတာတွေပါ။ ကျန်တဲ့နေရာတွေ မှာတော့ မသိပေမယ့် ရှိကောင်းလည်း ရှိနိုင်မှာပါ။ ဒါနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီလုပ်ငန်းပြီး ရင်တာ့ ပြန်သုံးသပ်မယ်။ ဒီနေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးတချို့နဲ့ မြို့နယ်ဖွံ့ဖြိုးေ ရးကော် မတီတွေက ပါတီစွဲအတိုင်းလုပ်မယ်ဆိုရင် တည်ဆဲဥပဒေကို ချိုးဖောက်တဲ့အတွက် လွှတ်တော်ဖွံ့ဖြိုးရေးကော်မတီကို တင်ပြသင့်ရင်လည်း တင်ပြသွားဖို့ရှိတယ်"ဟု ဦးသိန်းညွန့် က ဆက်လက်ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ်အနေဖြင့် အဆိုပါ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း တစ်ထောင်အား ရပ်ကွက် (၃၄) ရပ်ကွက်တွင် သောက်သုံးရေရရှိရေးအတွက် ကျပ် ၁၆၃ သိန်းကျော်၊ လမ်းတံ တားပြုပြင်ရေးအတွက် ကျပ်သိန်း ၄၁၀ ကျော်၊ ပညာရေးအဆောက်အအုံများ ပြုပြင် ထိန်း သိမ်းရေး အတွက် ကျပ် ၁၄၁ သိန်းကျော်၊ ပြည်သူလူထု အမှန်တကယ်လိုအပ်ချက်များ ဖြည့်စွက်ရန် ကျပ်သိန်း ၂၁၀ ကျော်၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်ရန် အတွက် ကျပ်သိန်း ၂၀ ကျော်တို့အား ဖွံ့ဖြိုးရေးလုပ်ငန်း ၆၆ ခုတွင် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရန်ပုံငွေများကို ကျန်လိုအပ်ချက်များအတွက် ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း
Eleven Media Group
0 comments:
Post a Comment