Saturday, February 22, 2014

နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ယာဉ်မတော်တဆမှု ၂၄၂ မှုဖြစ်ပွားပြီး ၄၅၄ ဦး ဒဏ်ရာရကာ ၆၅ ဦး သေဆုံး

နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ယာဉ်မတော်တဆမှု ၂၄၂ မှု ဖြစ်ပွားပြီး ၄၅၄ ဦး ဒဏ်ရာရကာ ၆၅ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ချက်အရ သိရသည်။


ထုတ်ပြန်ချက်၌ မော်တော်ယာဉ်အသုံး ပြုမှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီးတွင် ယာဉ်မတော်တဆမှု ၅ဝ ဖြစ်ပွား ကာ ၆၈ ဦးဒဏ်ရာရရှိပြီး ၁ဝ ဦးသေဆုံး၍ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် အများဆုံးအဖြစ် ရပ်တည်ခဲ့သည်။

အလားတူ မန္တလေးဒေသကြီး၌ ၃၃ မှု ဖြစ်ပွား၍ ၁ဝ၆ ဦးဒဏ်ရာရပြီး ၁၄ ဦးသေ ဆုံးခဲ့ကာ ယာဉ်မတော်တဆဖြစ်မှုဖြစ်စဉ် ဒုတိယအများဆုံးနေရာတွင် ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်၌ ယာဉ်မတော်တဆမှု နှစ်မှုဖြစ်ပွား၍ ၂၂ ဦးဒဏ်ရာရကာ နှစ်ဦး သေဆုံးခဲ့ပြီး ယာဉ်မတော်တဆ ဖြစ်စဉ်အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်များအနက် တစ်ခုမှာ ဖေဖော်ဝါရီ ၁၃ ရက် ည ၈ နာရီတွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက် ရတနာလမ်း မပေါ်တွင် မြောက်မှတောင်သို့မောင်းနှင်လာ သော (ဘီအမ်) ဖြူပြာရောင်GIOGON အ ထည်ချုပ်စက်ရုံဝန်ထမ်းကြိုပို့ယာဉ်နှင့် ရတ နာလမ်းအတိုင်း တောင်မှမြောက်သို့ မောင်း နှင်လာသော ကမ်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်တို့သည် ရတနာလမ်းနှင့် ရွှေလီ လမ်းဆုံတွင်တိုက်မိခဲ့ပြီး ယင်းသို့ တိုက်မိခဲ့ မှုကြောင့် ယာဉ်နှစ်စီးမှာ လမ်းယာဘက်မြောင်း ထဲသို့ကျကာ အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့ သေဆုံးခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ဝ ရက် နံနက် ၉ နာရီက လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင် ယာဉ်သည် သန်လျင်မြို့နယ်၊ (၆) လမ်းသွား လမ်းဆုံအနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်အခြမ်း သို့ ထိုးကျသွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် ကားပေါ်တွင်ပါသည့် နည်းပညာတက္ကသိုလ် ကျောင်းသား ၁ဝ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ ကြောင်းသိရသည်။  

Eleven Media Group

0 comments:

Post a Comment