မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ခေါက်ခူ ကျေးရွာတွင် အသက် ၇ဝ ကျော်သူ
တစ်ဦးက ခုနစ်တန်း ကျောင်းသူ နှစ်ဦးကို အပင်းချပေး မည်ဟု ဆိုကာ
ကြက်ဟင်းခါး ချုံအောက်သို့ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့်ခဲ့သည့် အတွက်
ဂန့်ဂေါမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခေါက်ခူ ကျေးရွာ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း ၏ ကျောင်းမုခ်ဦး ကို ဆေးခြယ်ရန် ဘုန်ကြီးကျောင်း သို့ ရောက်ရှိ နေထိုင်သူ အသက် ၇ဝ ကျော် အရွယ် ဦးကျော်ခင်က ၄င်း ကျေးရွာနေ သတ္တမတန်း ကျောင်းသူ နှစ်ဦးကို နေဝင် မိုးချုပ်ချိန် ရောက်သည့် အခါ ဘုန်းကြီးကျောင်း သို့ လာခဲ့ရန် အဘိုးက ချိန်းဆို ခဲ့သောကြောင့်
သတ္တမတန်း ကျောင်းသူ နှစ်ဦးသည် အပင်းချရန် အတွက်
ထိုနေ့ည ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်း သို့ သွားရောက် ခဲ့ကြသည်။
ထို့နောက် ကျောင်း၏ အနောက် တောင်ဘက် အရပ်ရှိ ရေကန် အနီးတွင် အဘိုးက အပင်းချ
သည့်အခါ လူမြင်ခံ၍ မရသည့် အတွက် ရေကန်နှင့် ပေ ၃ဝ ဝန်းကျင် အကွာရှိ
ကြက်ဟင်းခါး ပင်ချုံအောက် သို့ ခေါ်ဆောင်၍ သားမယား အဖြစ် ပြုကျင့် ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ခေါက်ခူ ကျေးရွာ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း ၏ ကျောင်းမုခ်ဦး ကို ဆေးခြယ်ရန် ဘုန်ကြီးကျောင်း သို့ ရောက်ရှိ နေထိုင်သူ အသက် ၇ဝ ကျော် အရွယ် ဦးကျော်ခင်က ၄င်း ကျေးရွာနေ သတ္တမတန်း ကျောင်းသူ နှစ်ဦးကို နေဝင် မိုးချုပ်ချိန် ရောက်သည့် အခါ ဘုန်းကြီးကျောင်း သို့ လာခဲ့ရန် အဘိုးက ချိန်းဆို ခဲ့သောကြောင့်
ထို့ကြောင့် သတ္တမတန်း ကျောင်းသူ မလေး တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်စန်နီလင်း က ဂန့်ဂေါ မြို့မ ရဲစခန်း သို့ သွားရောက် တိုင်ကြားချက် အရ ဒုတိယ ရဲမှူး ကြည်ငွေ က သားမယား အဖြစ် ပြုကျင့်ခဲ့သူ ဦးကျော်ခင် အမှတ်(၂) စည်ပင်သာယာ ရပ်ကွက် ထီးလင်းမြို့ နေသူကို (ပ)၁၅/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။(၁၅၄)
Themyawadydaily
0 comments:
Post a Comment