တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ခြင်း
မရှိသေးသည့် ပြည်မြို့၊ န၀ဒေးတံတားအောက် လူသတ်လုယက်မှု ဖြစ်စဉ်အား ကုလသမဂ္ဂ
လူ့အခွင့်ရေးကောင်စီသို့ ရေးသားတင်သွင်းမည့် မြန်မာနိုင်ငံ လူ့အခွင့်ရေး
အခြေအနေ အစီရင်ခံစာတွင် ထည့်သွင်းရေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သွားရောက်တွေဆုံခဲ့သူများက ပြောကြား ခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရန်ကုန်မြို့ UN ရုံးတွင် သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံခဲ့သည့် သေဆုံးခဲ့သူ ကိုဇော်မင်းဦး၏ အစ်မဖြစ်သူ မသီတာဦးက “တစ်နိုင်ငံလုံး သိနေတဲ့ ကိစ္စဖြစ်တဲ့အတွက် တစ်နှစ်နီးပါးလည်း ကြာနေပြီဆိုတော့ အမှုမှန်ပေါ်ပေါက်အောင် သူတို့တိုက်တွန်းပြောဆိုမယ်လို့
မစ္စတာကင်တားနား အနေဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရမှုနှင့် ပတ်သတ်သော အချက်လက်များကို ရရှိပြီးဖြစ်ကြောင်း ယခုတစ်ခေါက် နောက်ဆုံးအကြိမ်အဖြစ် လာရောက်စဉ် အမှုထူးခြားပြောင်းလဲဖြစ်စဉ် ရှိမရှိကို သိချင်နေပြီး အဖြစ်မှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရှိရေးတို့အတွက် နေပြည်တော်တွင် အစိုးရအဖွဲ့များနှင့်တွေ့ဆုံစဉ်
မစ္စတာကင်တားနား အနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ မတ် ၁၇ ရက်တွင် တင်သွင်းရမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဧပြီ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ပြည်မြို့န၀ဒေးတံတားအောက် လူသတ်လုယက်မှုတွင် တပ်မတော်သားသုံးယောက် ပါဝင်ပတ်သက်သည်ဟု သံသယရှိခဲ့ပြီး အခင်းဖြစ် ပွားရာနေရာနှင့် မလှမ်းမကမ်းတွင် ဖမ်းဆီးရမိသော တပ်မတော်သားကို သက်ဆိုင်ရာ မိခင်တပ်မှ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ပြည်မြို့ခံများထံက သိရသည်။
Eleven Media Group
0 comments:
Post a Comment