၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်
မကွေးတိုင်း ဒေသကြီး၊ ရွှေစက်တော် ဘုရားပွဲ၊
မန်းချောင်းအတွင်းလူတစ်ဦးရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ
ရွှေစက်တော်ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကွမ်းတောကျေးရွာနေ
ဝေလင်းစိုး(၁၇)နှစ်သည် ဘုရားဖူးလာသူ ဆွေမျိုးများနှင့်အတူ အထက်သောင်ရှိ
“အောင်ပြည့်စုံ”တည်းခိုဆောင်အနီး အကျယ်ပေ(၅၀)၊ အနက်(၄)ပေခန့်
မန်းချောင်း အတွင်းရေဆင်းချိုးရာမှ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့်
ဝိုင်းဝန်းရှာဖွေခဲ့သည်။ ထိုသို့
ရှာဖွေခဲ့ရာ နေ့လည် ၁ နာရီ ၁၀
မိနစ်အချိန်တွင် ဝေလင်းစိုး၏အလောင်းအားတွေ့ ရှိရ သဖြင့်
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စကုနယ်မြေရဲစခန်း၊ သေမှုသေခင်း
အမှတ်စဉ် (၂/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ထို့အတူ ထိုနေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန် မန်းချောင်းအတွင်း လူတစ်ဦး ရေနစ်ပျောက် ဆုံးနေကြောင်း သတင်းအရ ရွှေစက်တော်ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ သန်းထွန်းဝင်း (၄၁)နှစ်သည် ဘုရားပွဲအတူလာသူ ထွန်းထွန်းလင်း၊ ပြည့်ငြိမ်းဦးတို့နှင့်အတူ “လမင်းကုဋေ” တည်းခိုဆောင်အနောက်ဘက်ရှိ အကျယ်(၅၀)၊ အနက်(၅)ပေခန့် မန်းချောင်းအတွင်း၌ရေ ဆင်းချိုးရာမှ သန်းထွန်းဝင်းမှာ ရေငုပ်ချိုးစဉ် ပြန်မပေါ်လာကြောင်းသိရှိရသည်။ ထိုသို့ သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ “အောင်ပြည့်စုံ” တည်းခိုဆောင်အနီးတွင် သန်းထွန်းဝင်း၏ အလောင်းအားတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စကုနယ်မြေ ရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Myawady News
0 comments:
Post a Comment