Wednesday, February 19, 2014

အခွန်ဥပဒေလေးခု အတည်ပြုရန် ပြည်ထောင်စုလွှတ်တော် ဆိုင်းငံ့

Photo: အခွန်ဥပဒေလေးခု အတည်ပြုရန် ပြည်ထောင်စုလွှတ်တော် ဆိုင်းငံ့
Wednesday, February 19, 2014

ပြည်ထောင်စု လွှတ်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ အတည်ပြုရန် လျာထားသော အစိုးရက တင်သွင်း ထားသည့်ခေတ်နှင့် လျော်ညီခြင်း မရှိသည့် အခွန်ဥပဒေ လေးခုတွင် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အတည်ပြုရန် ဆိုင်းငံ့လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ခေတ်နှင့်လျော်ညီခြင်း မရှိသောကြောင့် ပြန်လည် ပြင်ဆင်ရန် အစိုးရက တင်သွင်းထားသော တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လျာထား ခဲ့သော်လည်း ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြချက်ကို စိစစ်ထည့်သွင်းရန် လိုအပ်နေသေးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဝင်ငွေခွန် ဥပဒေပါ ဝင်ငွေ အမျိုးအစား တစ်ခုစီတွင် အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းနှင့် တက္ကစီ ယာဉ်မောင်းနှင့် အခြားသော အလုပ်သမားများ၏ ဝင်ငွေကို တန်းတူညှိနှိုင်း ကောက်ခံရန် မဖြစ်နိုင်သောကြောင့် ထပ်မံဆွေးနွေးရန် လိုအပ်နေသေးကြောင်း လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောကြားသည်။ 

ယင်းဥပဒေများကို ဆက်လက်ဆွေးနွေးမှု ပြုလုပ်ပြီး လာမည့် ရက်ပိုင်းအတွင်း ပြန်လည် အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောဆိုသည်။

The Voice Weekly

ပြည်ထောင်စု လွှတ်တော်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ အတည်ပြုရန် လျာထားသော အစိုးရက တင်သွင်း ထားသည့်ခေတ်နှင့် လျော်ညီခြင်း မရှိသည့် အခွန်ဥပဒေ လေးခုတွင် လိုအပ်ချက်များ ရှိနေခြင်းကြောင့် အတည်ပြုရန် ဆိုင်းငံ့လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ခေတ်နှင့်လျော်ညီခြင်း မရှိသောကြောင့် ပြန်လည် ပြင်ဆင်ရန် အစိုးရက တင်သွင်းထားသော တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ရုံးခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လျာထား ခဲ့သော်လည်း ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြချက်ကို စိစစ်ထည့်သွင်းရန် လိုအပ်နေသေးကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဝင်ငွေခွန် ဥပဒေပါ ဝင်ငွေ အမျိုးအစား တစ်ခုစီတွင် အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းနှင့် တက္ကစီ ယာဉ်မောင်းနှင့် အခြားသော အလုပ်သမားများ၏ ဝင်ငွေကို တန်းတူညှိနှိုင်း ကောက်ခံရန် မဖြစ်နိုင်သောကြောင့် ထပ်မံဆွေးနွေးရန် လိုအပ်နေသေးကြောင်း လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယင်းဥပဒေများကို ဆက်လက်ဆွေးနွေးမှု ပြုလုပ်ပြီး လာမည့် ရက်ပိုင်းအတွင်း ပြန်လည် အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောဆိုသည်။

The Voice Weekly

0 comments:

Post a Comment