မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ငလှိုင်ခြုံကျေးရွာ အနီး ရေနံ လက်ယက် တွင်း တိမ်တူးဖော် နေသည့် ငါးခူအိုင် ရေနံမှော် အတွင်း ယမန်နေ့ နံနက်၇ နာရီ ၄၅ မိနစ်က မီးလောင် မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငါးခူအိုင် ရေနံမှော် အတွင်းရှိ ဦးစံခ(ဘ) ဦးဟန်တင် ငလှိုင်ခြုံကျေးရွာ သရက်မြို့နယ်ပိုင် မြေကွက်အတွင်း ဦးဝင်းတင် (ဘ)ဦးတင်ညွန့် အောက်ထုံးကျေးရွာ မအူပင်မြို့နယ် ပါ ခြောက်ဦးပိုင် ရေနံတွင်း၌ ရေနံခပ် လုပ်သား ဦးပိုက်(ခ)ရဲဝင်းအောင် (ဘ)ဦးဝင်းနိုင် ပြရေကျေးရွာ သရက်မြို့နယ် နေသူ ရေနံခပ်ယူနေသော ရေနံတွင်းရှိ အင်ဂျင်စက် မီးပေါက် ထွက်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ရာ အဆိုပါ တွင်းရှိ ရေနံခပ် ပစ္စည်းများဖြစ်သည့် ကလပ်ခုံ၊ အင်ဂျင်စက်၊ ခပ်ကြိုး အပါအဝင် ရေနံတွင်းသုံး ပစ္စည်းများနှင့် ရေနံစိမ်း ၁ဝ ပီပါခန့်နှင့် အနီးရှိ စားသောက်ဆိုင်၊ သံဂဟေနှင့် သံပိုက်လုပ်ငန်း အလုပ်ရုံ လူနေတဲတို့ကို မီးကူးစက် လောင်ကျွမ်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးပိုက်(ခ)ရဲဝင်းအောင်အား သရက်ရဲစခန်းမှ (ပ)၄/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်ပြီး အမှုမှန် ပေါ်ပေါက်ရေး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကိုကိုအောင်(သရက်)
မြ၀တီ
0 comments:
Post a Comment