မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲရန်
စီစဉ်ထားပြီး လာမည့် ၂၀၁၅-၂၀၁၆ တွင် မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း
၈၀ အထိ မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်အောင် လုပ်ကိုင်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို အဆင့်ဆင့်လျှော့ချ၍ ရောင်းချ ခဲ့သော်လည်း ယခုလက်ရှိအချိန်ထိ နိုင်ငံရှိ အိမ်ထောင်စုတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို အဆင့်ဆင့်လျှော့ချ၍ ရောင်းချ ခဲ့သော်လည်း ယခုလက်ရှိအချိန်ထိ နိုင်ငံရှိ အိမ်ထောင်စုတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ် ရှိပါတယ်။ ပထမအဆင့် အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပြောင်း လဲ သွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကုမ္ပဏီများ ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် (၂၀၁၅-၂၀၁၆) တွင် ဖြစ်ပေါ်လာမည့် တယ်လီဖုန်း သိပ်သည်းဆမှာ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် လူဦးရေ ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ တွင် လူဦးရေ ရာခိုင်နှုန်း ၅၀ နှင့် ၂၀၁၅-၂၀၁၆ တွင် လူဦးရေ ရာခိုင် နှုန်း ၈၀ အထိ မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စာရင်းဇယားများအရ သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း ရခြင်းမှာ နောက် ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ကို မှီခိုခြင်းမရှိဘဲ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သွားနိုင်ရန် အတွက် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်ရန် စီစဉ်ထားပြီး လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို ၂၀၁၃-၂၀၁၄ တွင် မိုဘိုင်းဖုန်းလိုင်း လေးသန်း၊ ၂၀၁၄-၂၀၁၅ တွင် မိုဘိုင်းဖုန်းလိုင်း ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ တွင် မိုဘိုင်း ဖုန်းလိုင်း ငါးသန်း စုစုပေါင်း မိုဘိုင်းဖုန်းလိုင်း ၁၄ သန်းကို နှစ်အလိုက် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းလိုင်းများကို ချထားပေးနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြေနေရာများ၊ လိုအပ်သည့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများနှင့် ဆက်သွယ်ရေး တာဝါတိုင်များကို တပ်ဆင်ပြု လုပ် နိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိပြီး အခြားသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment