Friday, January 3, 2014

ကိုယ်ပေါ်မှာ အမွှေးအမျှင်တွေပေါက်နေတဲ့ ကလေးမလေး

A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
အသက်၆နှစ်အရွယ်တရုတ်ပြည်ကကလေးမလေးတစ်ယောက်ရဲ့ အဖြစ်က သနားစရာပါ။ သူ့ အသက် ၂နှစ်အရွယ်မှာ မိခင်ဖြစ်သူက သူ့ ကိုပစ်သွားခဲ့ပြီး ဖခင်ဖြစ်သူ ကသူ့ ကိုနေ့ ကလေးထိန်းဌာနကိုအပ် ပြီးတဲ့နောက်လုံးဝခြေရာဖျောက်သွားခဲ့ပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူ့ ရဲ့ ဦးလေးဖြစ်သူက သူ့ ကိုနေ့ ကလေးထိန်းဌာနက ရွာကလေးကိုပြန်ခေါ်လာခဲ့ပါတယ်။အခုကျောင်းနေရ မယ့် အရွယ်ရောက်နေပြီဖြစ် တဲ့ လီလီဟာ ကျောင်းတက်ခွင့် မရသေးပါဘူး
လီလီကိုမွေးဖွားလာတော့သူ့ ကိုယ်ပေါ်မှာအနက်ရောင်အကွက်တွေနဲ့ ပါ။ မွေးစကကအရေပြားပေါ်မှာ အနက်ရောင်အကွက်တွေဟာ နောက်တော့ အမွှေးတွေပေါက်လာပါတယ်။ သူ့ အမေက ဒီအမွှေး အမျှင်တွေ နဲ့ သမီးငယ်ကိုရှက်ပြီးစွန့် ပစ်သွားပါတယ်။ နောက်တော့သူ့ အဖေကလည်း သူ့ ကလေး ထိန်း ဌာနကိုပို့ ပြီးဘယ်တော့မှပေါ်မလာတော့ပါဘူး။

ကလေးထိန်းဌာနမှာနှစ်တစ်ဝက်လောက်နေခဲ့ရပြီး သူနဲ့ အတူနေရတဲ့ကလေးတွေကသူ့ ကိုကြောက် ကြတယ်။နောက်ဆုံးတော့ ကလေးထိန်းဌာနရဲ့ အကြီးအကဲက လီလီရဲ့ ဆွေမျိုး သားချင်းများ ကလေးမကို ပြန်လာခေါ်ဖို့ သတင်းစာမှာကြော်ငြာထည့်လိုက်ပါတယ်။
ကံအားလျော်စွာ သူ့ ရဲ့ ဦးလေးဖြစ်သူက ဒီကြေငြာကိုတွေ့ ပြီးသူ့ ကလေးထိန်းဌာနကနေရွာ ကိုပြန်ခေါ်ခဲ့ ပါတယ်။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
သူ့ ကိုဓာတ်ပုံရိုက်တော့ လီလီက သူ့ ရဲ အရေပြားပေါ်က အနက်ကွက်လေးတွေကို တချိန်လုံး ကုတ်နေပါ တယ်။ဒီအနက်ကွက်လေးတွေက ယားတယ်။နာတော့မနာဘူးလို့ သူကပြောပါတယ်။သူ့ လက်ချောင်းလေးတွေနဲ့ သူ့ ကိုယ်ပေါ်က အနက်ကွက်လေးတွေကိုတစ်ကနေငါးအထိ ပြန်ရေ တွက်ကြည့် တတ်တယ်။  ငါးထက်ပိုပြီးတော့ လည်းသူ မရေတတ်တော့ဘူး။ငါးပြီးရင်နောက်ထပ် ဘာဂဏာန်း လာသလဲဆိုတာလည်းသူမသိရှာဘူး။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
ဒီအနက်ကွက်တွေဟာလက်သီးဆုပ်အရွယ်၊ကျပ်ပြားဝိုင်းအရွယ်ရှိပြီး အဲဒီအပေါ်မှာအမွှေးတွေပေါက်လာတာပါ။ သူ့ ကိုယ်ခန္ဒာရဲ့  ၆၀ရာနှုန်းကို ဒီအမွှေးတွေက ဖုံးလွှမ်းထား ပါတယ်။
A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
လီလီက အရမ်းကိုတက်ကြွအားမာန်ပြည့်တဲ့ကလေးမပါ။ အရမ်းလဲရီတတ်တယ်။ တခြားကလေးတွေနဲ့ ကစားဖို့ ကြိုးစားပေမယ့်သူ့ ကိုကြောက်ကြတယ်။ သူ့ ကို ရီစရာတစ်ခုလို သဘောထားကြတယ်။သူ့ ကိုပေးထားတဲ့နာမည်ပြောင်က မျောက်မလေးတဲ့။ 

ကျောင်းကသူ့ အိမ်နဲ့ မီတာ၁၀၀လောက်ပဲဝေးပေမယ့် လီလီခင်မျာဘယ်တုန်းကမှ ကျောင်း ထဲကို မ၀င်ဖူးခဲ့ရှာပါဘူး။ သူ့ မိသားစုကဆင်းရဲတာအပြင် ကလေးတွေကသူ့ ကိုအလွန် အမင်းကြောက်ကြ တာကြောင့် ကျောင်းကသူ့ ကို လက်မခံတာဖြစ်ပါတယ်။ 
mp4U

A 6-year-old Chinese girl in Guizhou, China has a rare skin condition. 60% of her skin is covered by these black spots and dark fur.
The Melting Pot 4 

0 comments:

Post a Comment