ပြည်တွင်းကို သွင်းကုန်များ တင်သွင်းရန် LC/TT ငွေလွှဲရာတွင် ငွေကြေးအပို
ထပ်ဆောင်း ကောက် ခံသည့် ပုဂ္ဂလိက ဘဏ်များကို တိုင်ကြားပါက အရေးယူ မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးရဲအောင်က
ပြောကြားသည်။
ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို ယင်းကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ ညွှန်ကြားမထားဘဲ လုပ်ငန်းရှင် များက စာရင်းနံပါတ်၊ ဘဏ်အမည်များကို သေချာမှတ်သား၍ တိုင်ကြားလျှင် အရေးယူ မည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အရင်က ကောက်တယ်လို့ သတင်းထွက်တဲ့ ဘဏ်တွေကို သတိပေးထားတယ်” ဟု ၎င်းကဆိုသည်။
ပြည်တွင်းသို့ မော်တော်ယာဉ်များ တင်သွင်းရန် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ငွေလွှဲရာတွင် ငွေကြေး ပိုမိုကောက်ခံခြင်းများ ရှိခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဘဏ္ဍာရေး ဝန်ကြီးဌာနကို လုပ်ငန်းရှင်များ စုပေါင်း၍ စာတင်ခဲ့ကြောင်း Sakura မော်တော်ယာဉ် အရောင်းပြခန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးအောင်က ပြောကြားသည်။
အပိုငွေကြေး ကောက်ခံသည့် ပုဂ္ဂလိက ဘဏ်များကို ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါ စည်းမျဉ်းများအတိုင်း အရေးယူ ဆောင်ရွက် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
The Voice Weekly
0 comments:
Post a Comment