စစ်ကိုင်းဒေသကြီး၊ ပင်လည် ဘူးမြို့၊ မိုးကောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၃ ရက်က
လူတစ်ဦး သေဆုံး ခဲ့ကြောင်း သတင်းပေးပို့ သဖြင့် ပင်လည်ဘူးရဲစခန်းတွင်
ခေတ်္တတာဝန်ထမ်းဆောင်နေသော စခန်းမှူး ရဲအုပ် အောင်အောင်သည် ဒီဇင်ဘာ ၅ ရက်၊
ညနေ ၅ နာရီ အချိန်ခန့်တွင် သွားရောက်၍ စစ်ဆေးရာ သေဆုံးသူမှာ မစန်း ထွေး၊ ၃၈
နှစ်၊ မိုးကောင်းရပ် ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်း သေဆုံးမှုမှာ ဓမ္မတာ
အတိုင်းသေ ဆုံးခြင်း ဟုတ်၊ မဟုတ်ကိုစစ်ဆေး ခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ ပင် လည်ဘူးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၄/၂၀၁၃ဖြင့် အမှု
ဖွင့်စစ်ဆေး ခဲ့သည်။ ယင်းနောက် မည်သည့်အတွက်ကြောင့် သေဆုံး
ရခြင်းဖြစ်ကြောင်းကို မြို့နယ် ကျန်းမာရေး ဦးစီးမှူးထံ ဆေးစာ
ထင်မြင်ချက်တောင်းခံခဲ့ရာ ၎င်းင်း၏ ဆေးစာပြန်ကြားချက်တွင် သေ ဆုံးသူ မစန်းထွေး
၏ ဘယ်ဘက် နံဘေးတွင် ပြင်းထန်သောထိခိုက် ဒဏ်ရာကြောင့် ဘေလုံးကွဲဒဏ်
ရာရရှိပြီး ၀မ်းခေါင်း အတွင်းပိုင်းသို့ သွေးယိုစီးမှုဖြစ်ပေါ်ကာ သေဆုံး
ရခြင်းဖြစ်ကြောင်း ထင်မြင်ချက် ပြန်ကြားခဲ့သည်။
ထို့ကြောင့် အမှုစစ်ကသေဆုံး သူနှင့်ပတ်သက်၍ ထောက်လှမ်း စုံစမ်းခဲ့ရာ
သေဆုံးသူ မစန်းထွေး နှင့် ခင်ပွန်းဖြစ်သူ ရန်မျိုးအောင် တို့မှာ ဒီဇင်ဘာ ၃
ရက်၊ ညနေ ၃ နာရီအချိန်ခန့်က လင်မယား အချင်းများ
ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုတွင် ခင်ပွန်းဖြစ် သူက
ဒေါသအလျှောက်စိတ်လိုက် မာန်ပါဖြင့် ဇနီးဖြစ်သူ မစန်းထွေး ၏
ဝမ်းဗိုက်ဘယ်ဘက်နံဘေးကို ခြေထောက်ဖြင့်နှစ်ချက်ကန်ခဲ့ ကြောင်း၊ ထိုကန်
ချက်ကြောင့် မစန်းထွေးမှာ ဘေလုံးကွဲသွားပြီး ၀မ်းခေါင်းအတွင်းပိုင်းသို့
သွေး ယိုစီးကာသေဆုံး ခဲ့ရခြင်း ဖြစ်နိုင် ကြောင်း စုံစမ်းသိရသဖြင့် ပင်
လည်ဘူးမြို့နယ်ရဲစခန်းသို့ ရန် မျိုးအောင်ကို ဥပဒေနှင့်အညီ အရေး
ယူဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါအမှုကို ပင်လည်ဘူး မြို့နယ်ရဲစခန်းမှ (ပ)၁၅၂/၁၃၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်နေ ကြောင်း သိရသည်။
ရွှေလင်းပြည့်စုံ
By Hot News
0 comments:
Post a Comment