အင်တာနက်တွင် ၀ါဒဖြန့်ထားသည့် တပ်မတော်သားတစ်ဦးမှ ရေးမြို့နယ်
ခေါဇာမြို့နယ်ခွဲ ကျုံညဲကျေး ရွာနေ မွန်တိုင်းရင်းသူအား
မုဒိန်းကျင့်မှုဖြစ်ပွားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ
တပ်ရင်း နှင့် ကာယကံရှင်မိဘများထံမှ သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းမှ အရာရှိတစ်ဦးက ``တပ်သား
သန်းဝင်းက မ၀ုကို ကြိုက်နေတာပါ။ ကြိုက်နေတော့ လူငယ်တို့ သဘာဝ
ရည်းစးစကားလိုက်ပြောရင်း လက်ကို ဆွဲလိုက်မိ တယ်။ အဲဒါကို မ၀ုက မကျေနပ်လို့
တပ်ရင်းကို လာတိုင်တာပါ´´ ဟု ပြောကြားခဲ့သည်။
``အသက်(၁၃)နှစ်ပဲ ရှိသေးတဲ့သမီးကို ရည်စားစကား လိုက်ပြောတာ ဘယ်မိဘက
လက်ခံမှာလဲ၊ ရည်းစား စကာပြောရုံတင် မဟုတ်ဘူး။ လက်ကိုပါဆွဲတော့ မ၀ုက
ရှက်ပြီး ငိုယိုပြီးပြန်လာတယ်။ မိဘတွေ က အဲဒီလို လက်ဆွဲတာကို မကျေနပ်လို့
သက်ဆိုင်ရာ တပ်ရင်းကို သွားတိုင်ခဲ့တာပါ´´ ဟု ကျုံညဲရွာမှ လိုက်လံ ဖြေရှင်း
ပေးခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးထွန်းကြည်၊
ရပ်မိရပ်ဖ(၂)ဦး၊ ကာယကံရှင် မ၀ုနှင့် မိဘနှစ်ပါးတို့က တပ်ရင်းသို့
လာရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တပ်ရင်းမှ ကာယကံရှင်များ ကျေနပ်သည်အထိ
ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကာယကံ၇ှင် မိန်းကလေး မ၀ုအား တပ်သား သန်းဝင်းမှ လက်ဆွဲပြီး ရည်းစားစကား
လိုက်ပြောသည်မှာ မှန်ကန်သဖြင့် အဆိုပါ စစ်သည်အား ကာယကံရှင်များအား
ဝန်ချတောင်းပန်စေခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ မှစ၍ တပ်တွင်းအချုပ်(၂၈)ရက်
ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ယင်းတပ်ရင်းမှ အရာရှိ တစ်ဦးက
ပြောကြား သွားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သော စစ်သည်အား
အရေးယူဆောင်ရွက်ထားပြီး ၀န်ချ တောင်း ပန်ခဲ့မှုအပေါ် ကာယကံရှင်မ၀ုနှင့်
မိဘများကိုယ်တိုင် ကျေအေးခဲ့ကြပြီးဖြစ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသော
မုဒိန်းမှုဖြစ်ပွားခဲ့သည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း သက်ဆိုင်ရာ
အသိုင်းအ၀ိုင်း များထံမှ သိရှိရပါသည်။
နိုင်လထော်
By Ko Aung Moe fb
0 comments:
Post a Comment