Monday, January 6, 2014

၂၀၁၃ ခုနှစ်အတွင်း မန္တလေးခရိုင်၌ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ယမန်နှစ်ထက်လျော့ကျ

၆၉ လမ်းနှင့် မန္တလေးတက္ကသိုလ် ပတ်လမ်းတွင် ယာဉ်ကြောရှုပ်ထွေးမှုအား တွေ့ရစဉ်
၂၀၁၃ ခုနှစ် မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် လျော့ကျလာကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး) ၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၅၅၆ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၉၂ ဦး၊ ဒဏ်ရာရသူ ၆၅၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၀၁ မှုရှိခဲ့ရာတွင် သေဆုံးသူ ၁၈၆ ဦးနှင့် ဒဏ်ရာရရှိသူ ၄၉၂ ဦးရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုတွေ လျော့ကျသွားအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အချက်အလက်များ ရိုက်နှိပ် ထားတဲ့ ကျောင်းသုံးဗလာစာအုပ်တွေကို ပညာပေး ဟောပြောဆွေးနွေးရာမှာ အခမဲ့ဖြန့်ဝေတယ်။ မြို့တွင်းအချက်အချာကျတဲ့ မီးပွိုင့်လမ်းဆုံတွေမှာ အသံချဲ့စက်များ တပ်ဆင်ပြီး နေ့စဉ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းအတွက် ဆောင်ရန်ရှောင်ရန်၊ အချက်တွေကို ဖွင့်လှစ်အသိပေး ကြေညာနေပါတယ်။ မြို့တွင်းမှာ နေ့စဉ်ပူးပေါင်းအဖွဲ့တွေနဲ့ စည်ကမ်းပျက်ယာဉ်တွေကို စစ်ဆေးအရေးယူ နေပါတယ်” ဟု ယာဉ်ထိန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင် ၂၀၁၃ ခုနှစ်အတွင်း မြို့နယ်အလိုက် ယာဉ်တိုက်မှုများကိုကြည့်လျှင် အောင်မြေသာစံတွင် ယာဉ်တိုက်မှု ၄၄ မှု၊ သေ ၁၇ ဦး၊ ဒဏ်ရာရသူ ၇၄ ဦး၊ ချမ်းအေးသာစံ  ၅၈ မှု၊ သေ ၂၈ ဦး၊ ဒဏ်ရာရသူ ၅၁ ဦး၊ မဟာအောင်မြေ ၆၂ မှု၊ သေ ၁၇ ဦး၊ ဒဏ်ရာရ ၆၈၊ ချမ်းမြသာစည် ၅၂ မှု၊ သေ ၂၃ ဦး၊ ဒဏ်ရာရ ၆၄ ဦး၊ ပြည်ကြီးတံခွန် ၅၉ မှု၊ သေ ၃၅ ဦး၊ ဒဏ်ရာရ ၃၇ ဦး၊ ပုသိမ်ကြီး ၅၇ မှု၊ သေ ၃၅ ဦး၊ ဒဏ်ရာရ ၁၀၂ ဦး၊ အမရပူရ ၆၉ မှု၊ သေ ၃၁ ဦး၊ ဒဏ်ရာရ ၉၆ ဦးရှိခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်ပွားမှုမှာ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုက အများဆုံးဖြစ်နေတာကို တွေ့ရတယ်။ မဆင်မခြင် မောင်းနှင်မှုနဲ့ အရှိန်ပြင်း မောင်းနှင်မှုတွေက အများဆုံးဖြစ်နေတယ်” ဟု အထက်ပါအရာရှိက ဆက်လက်ပြောပါသည်။

ဆိုင်ကယ်ပါဝင်သည့် ယာဉ်တိုက်မှုမှာ ၂၈၉ မှုရှိပြီး ကားပါဝင်သည့် ယာဉ်တိုက်မှုမှာ ၁၁၂ မှုရှိနေခဲ့ကြောင်း သိရသည်။ 
Eleven 

0 comments:

Post a Comment