Thursday, January 16, 2014

ပြည်တွင်းရေး ပြဿနာများသည် အာဆီယံ ဥက္ကဋ္ဌ ရာထူးလုပ်ဆောင်မှုကို မထိခိုက်နိုင်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

 မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အရေး၊ မတူညီသည့် လူအဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး နေရာယူမှုကို ထိခိုက်မည် မဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်က ဇန်နဝါရီလ၁၆ ရက်တွင် မီဒီယာများ ကို ပြောကြားသည်။

“မမျှော်လင့်ပါဘူး။ ဒီဖြစ်ရပ်တွေက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မထိခိုက်စေပါဘူး” ဟုရွှေနန်းတော်ဟိုတယ်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော် မတီ ကို ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ တွင် ပြင်ဆင်လိုသည်များ၊ ပါဝင်စေလိုသည် များ၊ ချန်လှပ်စေလိုသည်များကိုလည်း ပြည်သူများထံမှ အကြံပြုချက်များတောင်းခံ ထားသည့်အတွက် ညီညီညွတ်ညွတ်ဖြင့် အပြုသဘောဆောင်ပါက အဆင်ပြေမည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် ပြင်ပမှ အချို့က ဘာသာရေးပဋိပက္ခအဖြစ် မမှန်မကန် ပုံဖော်ချင် သူများ ရှိသော်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုများဖြင့် ပြေလည်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆက်ပြောသည်။

တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများ ခရီးတော်ေ တ်ာရောက်ေ နပြီး ဖြစ်ကာ တိုင်းရင်းသားပြည်သူများ၏ ညီညွတ်မှုဖြင့် ကျော်လွှားနိုင်မည်ဟု ၎င်းက ပြောကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment