အမေ ရိကန် နိုင်ငံ၊ အရီ ဇိုနာ ပြည်နယ် မှာနေ ထိုင် တဲ့ အသက် (၃၅) နှစ်
အရွယ် ရှိ မိခင် တစ်ဦးဟာ အသက် (၁၃) နှစ် အရွယ် သာ ရှိ သေး တဲ့ သူ့ရဲ့ သမီး
ကို ခရ စ္စမတ် နေ့ မှာ သတ် ပစ် ခဲ့ တယ် လို့ သိ ရပါ တယ်။ ကော်နီဗီလာ အ မည်ရ
အမျိုးသမီးဟာ မူးယစ် ဆေးဝါးတွေ အလွန် အကျွံ သုံးစွဲ ခဲ့ပြီးနောက် သူ့ရဲ့ က
လေး ငယ်လေးဦးကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာ အသက်(၁၃)နှစ်အရွယ် သမီးဖြစ်သူ
သေဆုံး သွားခဲ့ခြင်း ဖြစ် ပါတယ်။ ကော်နီဗီလာဟာ သူ့ရဲ့ကလေးလေးဦးကို
မူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး သတ် ပစ် ဖို့ ကြိုးစားခဲ့ တာ ဖြစ် ပါတယ်။
ဒါပေမဲ့ အသက်သုံးနှစ်၊ ငါးနှစ်နဲ့ ရှစ် နှစ်အရွယ် ကလေးငယ်တွေကတော့ အသက်
သေဆုံး ခဲ့ခြင်း မရှိပါ ဘူး။ ကော်နီဗီလာဟာ မူးယစ်ဆေးတွေ
အလွန်အကျွံသုံးစွဲပြီးတဲ့ နောက် စိတ်ဖောက်ပြန်သွားပြီး သူ့ရဲ့သမီး
ကြီးဖြစ်သူ မာစီအက်စ်ကို သတ်ပစ်ခဲ့တာဖြစ် ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို
ခင်ပွန်း ဟောင်း ဖြစ်သူ ရောက် ရှိလာ တဲ့အချိန်မှာ ကော်နီ ဗီလာဟာ သူ့
ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတဲ့ အပြင် အခြားသူတွေ ကိုလည်း ရန်မူဖို့ အား
ထုတ် ခဲ့ပါတယ်။
ဒါကြောင့် ခင် ပွန်း ဟောင်းဖြစ်သူဟာ ရဲစခန်းကို ဖုန်းဆက်
အကြောင်းကြားခဲ့ပါတယ်။ ဒီနောက် မူးယစ် ဆေးတွေ တိုက်ကျွေး ခဲ့မှုကြောင့်
မေ့မြောနေ တဲ့ ကလေးငယ် သုံးဦးကို ဆေးရုံကို အလျင် အမြန် ပို့ဆောင် ခဲ့ရပါ
တယ်။ ရဲတပ်ဖွဲ့ဝင် တွေ ရောက်ရှိလာချိန်မှာ ကော်နီဗီလာဟာ သူ့ ကိုယ်သူ
ဓားနဲ့ပြန်ထိုးခဲ့တာမို့ ဒဏ်ရာတွေ ရရှိနေတဲ့အပြင် သမီး ဖြစ် သူကလည်း
အိမ်ခန်း အတွင်းမှာ လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ ရပါတယ်။ ကော်နီ ဗီလာ ရဲ့
ဆွေးမျိုး တွေ က တော့ ဒီဖြစ်ရပ်အပေါ် အံ့အားသင့်ခဲ့ကြပါ တယ်။ ကော်နီ ဗီလာ ဟာ
အရင် တုန်းက အေး အေးဆေး ဆေး နေထိုင်ခဲ့သူဖြစ်တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့
ကော်နီဗီလာ ဟာ ဆေး ရုံမှာ ဆေး ကုသမှု ခံယူပြီး တဲ့ နောက် သူ့ရဲ့ကလေး
ငယ်ကိုသတ်ဖြတ်မှု၊ ကျန်တဲ့ ကလေးငယ် သုံးဦးကို သေစေရန် ကြိုးစား ခဲ့မှု၊
ကိုယ့်ကိုယ် ကိုယ်သတ်သေရန် ကြိုးစားခဲ့မှု စတဲ့အမှုတွေ နဲ့
ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
By Messenger
0 comments:
Post a Comment