အစိုးရကရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှော က်ရေးဥပဒေ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်အမည်နဲ့ လွှတ်တော်သတင်းတွေတင်ပြနေတဲ့ ဖေ့ဆ် ဘွတ် စာမျက်နှာမှာ မနေ့ကဖေါ်ပြလိုက်ပါတယ်။
တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းနဲ့ ကိုးကွယ်တဲ့ ဘာသာသာသနာကို လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိတဲ့အကြောင်း၊ စကားနဲ့ စာပေကို နိုင်ငံတော် ရဲ့ပညာရေးမူဝါဒကို ထိခိုက်မှုမရှိစေပဲ သင်ကြားခွင့် သင်ယူခွင့်ရှိတဲ့ အကြောင်းနဲ့၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းအရအခမ်းအနားတွေ နေ့ ထူးနေ့မြတ်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ရှိတဲ့အကြောင်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဘယ်ပုဂ္ဂိုလ်ကမှ ဒီဥပဒေပါ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်းမပြုရ ဆိုတဲ့အချက်ပါဝင်သလို၊ တိုင်းရင်း သားတွေကြား ခွဲခြားဆက်ဆံမှုအပါအဝင်၊ မုန်းတီးအောင်၊ ရန်မူအောင်၊ စိတ်ဝမ်း ကွဲအောင် မပြုလုပ်ရလို့ ရေးဆွဲထားပါတယ်။
အဲဒီလိုတားမြစ်ချက်ကို ဖေါက်ဖျက်ကျူးလွန်သူကို အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ် (သို့မဟုတ်) ငွေ ဒဏ် ကျပ်နှစ်သိန်းအထိ(သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဖေါ်ပြပါရှိပါ တယ်။
RFA Burmese
0 comments:
Post a Comment