Thursday, January 9, 2014

အသားအရေ လှပအောင် ထိန်းသိမ်းရတာ အရင်ကတည်းက ၀ါသနာ ပါတယ်လို့ ဆိုတဲ့ န၀ရတ်

အကယ်ဒမီပေးပွဲမှာ ရွှေအိုရောင်ဝတ်စုံနဲ့ နတ်သမီးလေးလို လှပနေခဲ့တဲ့ န၀ရတ်နဲ့ တွေ့ဆုံတုန်း သူမရဲ့ အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ် သတ်ပြီးတော့ မေးမြန်းကြည့်လိုက်တဲ့အခါ ‘အသားရေ ကတော့ ထိန်း သိမ်း ရတာကို ၀ါသနာပါတာ။ အစ်မက ဖက်ရှင်နဲ့ အသားရေပိုင်းကို တွဲဖက်ပြီးမြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထိန်းသိမ်းထားတဲ့ အသားရေပေါ်မှာ လှပတဲ့ဖက်ရှင်ကို ဆင်ယင်လိုက် မယ် ဆိုရင် ပြောစရာမလိုအောင်ကိုပြီးပြည့်စုံသွားမယ် လို့အစ်မထင်တယ်။ အသားအရေနဲ့ ပတ်သတ်ရင် အိမ်မှာအသီးအနှံတွေနဲ့ပေါင်းတင်တယ်။ နို့နဲ့စိမ်တာမျိုး ရှိတယ။်

ပန်းပွင့်အသီးအနှံတွေနဲ့လဲ စိမ်ဖြစ်တယ်။ အိမ်မှာဆိုတော့ ကိုယ့်ဟာကိုယ် လုပ်ရတာမျိုးပေါ့။ အဲလိုလေးတွေ ထိန်းသိမ်းဖြစ်တယ။် ပြီးတော့ ကိုယ်ကကားရိုက်နေရတာဆိုတော့ နေဒဏ်၊ မီးဒဏ်၊ မှန်ထိုးတဲ့ ဒဏ်တွေကို ကာကွယ်နိုင်ဖို့အတွက်က UVပါတဲ့ဟာတွေ များများ လိမ်းဖြစ်တယ။် ဒီနိုင်ငံရဲ့ရာသီ ဥတုက အရမ်းပူတဲ့အတွက် အနုပညာအလုပ်လုပ် နေတဲ့သူတွေအနေနဲ့ အသားအရေပိုင်းနဲ့ ပတ်သတ်ပြီး သာမာန်သူတွေထက် ထိန်းသိမ်းသင့်တယ်လို့ထင်မိတယ။် ဆံပင်ပိုင်းကတော့ ဆိုင်က တာဝန် ယူပေး တယ။် ပေါင်းတင်တယ်။ ပုံသွင်းတယ်။ အရောင်တင်တယ်။

အမြဲလိုလိုပြောင်းလဲဖြစ်တဲ့အထဲမှာ အစ်မရဲ့ဆံပင်လဲပါတယ။် ဆံပင်ကတော့ ကိုယ့်ဆိုင်က ဆရာတွေရဲ့ စိတ်ကြိုက်ပေါ့။ သူတို့လုပ်ပေးတဲ့အတိုင်းပဲ ထားဖြစ်ပါတယ်’လို့သူမက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

0 comments:

Post a Comment