ကင်ညာနိုင်ငံ၏ ဆေးရုံတစ်ရုံတွင် သေဆုံးသွားပြီဟု ကြေညာထားသည့် လူတစ်ယောက်သည် ရင်ခွဲရုံ၌ နောက်နေ့တွင် အသက်ရှင်နိုးထလာခဲ့ရာ မည်ကဲ့သို့ဖြစ်ပျက် သည်ကို အာဏာပိုင်များက စတင်စုံစမ်းစစ်ဆေးပြီဖြစ် ကြောင်း သောကြာနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။
နာအီဗာရှာဆေးရုံတွင် လူသေအလောင်းသည် လှုပ်ရှား ကာ အသက်ရှူနေခြင်းကို မြင်တွေ့ရသဖြင့် အအေးတိုက် အလုပ်သမား များ သည် အထိတ်တလန့်ထွက်ပြေးကြသည်။ပိုးသတ်ဆေးသောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးစားသော ၎င်းအမျိုးသားကို သောကြာနေ့ည၌ သေဆုံး ပြီဟု ကြေညာခဲ့ သည်။ ၎င်းကိုကုသရာတွင် အသုံးပြုခဲ့သောဆေးသည် နှလုံး ခုန်ခြင်းကို နှေးကွေးစေသဖြင့် မှားယွင်းသွားခြင်းဖြစ်နိုင်ပါ သည်ဟု တာဝန်ရှိဆရာဝန်ကပြောကြားသည်။
ဆေးကြောင့်ဆရာဝန်ကစမ်းသပ်ရာမှာ ရောထွေးသွား ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အလောင်းကိုဆေးရည် မစိမ်မီ အသက် ကယ်တင်နိုင်ခဲ့ကြောင်း နာအီဗာဇာခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဂျိုးဇက်အမ်ဘူရူက ပြောကြားသည် ဟု ကင်ညာစတင်းဒတ် သတင်းစာက ကိုးကားဖော်ပြသည်။
၎င်း၏ဖခင်နှင့်ဆွေမျိုးများသည် ကြာသပတေးနေ့ နံနက်ခင်းတွင် ၎င်း၏အလောင်းကိုလာရောက်ကြည့်ရှုကြပြ
BBC
ပြည်မြန်မာ
0 comments:
Post a Comment