ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာအော င်မြေမြို့ နယ် ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ရောက်ရှိပြီး နိုင်ငံတော်သြဝါဒါစရိယ စုဒ္ဒသမရွှေ ကျင် သာသနာပိုင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုကျောင်း ဆရာတော်ကြီး အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယအား ဖူးမြော်ကြည်ညို သည်။
ထို့နောက် ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများနှင့် အားဖြည့်ဓာတ်စာများလှူဒါန်းပြီး ဆရာတော်ကြီး၏ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားသည်။
ယင်းနောက် ကျောင်းတိုက်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် မဟာနာယကဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇော သာရာဘိဝံသ၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော်ကြီးအား ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအစီအစဉ်များနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားခဲ့သည်။
မစိုးရိမ်ဆရာတော်ကြီးသည် သက်တော်(၈၉)နှစ်၊ ဝါတော်(၆၉)ဝါအရ ဇန်နဝါရီ(၉)ရက် မွန်းလွဲပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဇန်နဝါရီ(၁၈)ရက် မွန်းတည့်(၁၂)နာရီတွင် မန္တလေးမြို့ အေးရိပ်ငြိမ်သုသာန်၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။(သတင်းစဉ်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
0 comments:
Post a Comment