Monday, January 6, 2014

သားအမိ(၂)ဦး အဆိပ်သောက်သေဆုံး

၆.၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကော့မှူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာတွင် သားအမိ(၂)ဦးအဆိပ်သောက်သေဆုံးနေကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ လက်ခိုက်ကျေးရွာနေ မ----နှင့် အသက်(၄)နှစ်ခန့်ရှိ၎င်း၏သမီးတို့(၂)ဦးအား နေအိမ် ခြံဝင်း အတွင်းရှိ အိမ်သာရှေ့တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲနှုတ်ခမ်းနှင့်လျှာများပြာနှမ်းကာ အဆိပ်သောက် ထားသည့် လက္ခဏာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းတို့သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ မ----သည် ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အိမ်ထောင်ရေး ဖောက်ပြန်သည့်အတွက်စိတ်ညစ်ကာ သမီးဖြစ်သူနှင့်(၂)ဦးအတူ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ကော့မှူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment