Monday, January 6, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်ပြီးတိမ်းမှောက်၍ ၃ ဦး ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၅/၀)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ် ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ ငါးလှော်ရွာနေ အီဆပ်(၂၄)နှစ်မောင်းနှင်လာသော ၁ဃ/xxxx Pajero ခဲရောင် ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကာရံထားသည့် ကွန်ကရစ်
ဘာရီယာတုံးအား ၀င်ရောက်တိုက်မိကာ တစ်ဖက်ယာဉ်ကြောပေါ်တွင် ပက်လက်လန် တိမ်းမှောက် သွားခဲ့ကြောင်း တွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အီဆပ်တွင် ယာလက်ဖျံ/ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ခါးနာကျင်ဒဏ်ရာများ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသော နမ့်ခမ်းမြို့နယ်၊ ကောင်းကတ် ရွာ နေသူများဖြစ်သည့် ခမ်းလွတ်(၄၃)နှစ်တွင် ၀ဲနားရွက်ပွန်းပဲ့၊ ယာမျက်ခုံး/ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် ခွန်အောင်(၂၇)နှစ်တွင် ယာမျက်ခုံးပေါက်ပြဲ၊ ယာခြေသလုံး/ယာခြေ ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၁ဃ/xxxx Pajero ယာဉ်(၁)စီး လုံးကြေမွ ပျက်စီးကာ တန်ဘိုးငွေကျပ်(၂၅)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင် မခြင်မောင်းနှင် သူ အီဆပ်အား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment