၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ထိုင်လျက်ဘောလီဘောပွဲစဉ်များတွင်
မြန်မာအသင်းက ထိုင်းအသင်းအား ၃-၂ ဖြင့် အနိုင်ရရှိသွားခဲ့သည်။
မြန်မာအသင်းအနေဖြင့် ပွဲအစ ပွဲစဉ် ၂ ပွဲတွင် ထိုင်းအသင်းကို
နှစ်ပွဲပြတ်ရှုံးနိမ့်နေခဲ့သော်လ ည်း နာက်ပိုင်းပွဲစဉ်များတွင် အကျိတ်အနယ်ကစားခဲ့ပြီး အနိုင်ရရှိ သွားခဲ့ခြင်းဖြစ်သည်။
မန်မာမသန်စွမ်းဘောလီဘောသမား ဇော်မိုးဦးက “ ပွဲအစ ပွဲငယ်တွေမှာ
ကျွန်တော်တို့ အသင်း သားတွေ အရမ်း စိတ်လှုပ်ရှားနေလို့
အသင်းလိုက်စုစည်းမှုမရပဲ ရှုံးခဲ့ရတာပါ။ နောက်ပိုင်းပွဲစဉ်တွေမှာတော့ စိတ်ကို
တည်ငြိမ်အောင်ထားပြီး ကစားခဲ့လို့ ဒီလို နိုင်ပွဲတွေ ပြန်ယူနိုင်ခဲ့တာပါ။
ကျွန်တော်တို့ ထိုင်းအသင်းကို ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာလို့လည်း
ပြောရမယ်” ဟုဆိုသည်။မြန်မာအသင်းသည် ပြီးခဲ့သည့် ခြောက်ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ် တွင် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ငွတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရဖူးသည်။
မြန်မာထိုင်လျက်ဘောလီဘောအသင်းနည
အမျိုးသားထိုင်လျက်ဘောလီဘောပြို
Mizzima - News in Burmese
0 comments:
Post a Comment