Thursday, January 9, 2014

ညီမဖြစ်သူတစ်ဦးတည်းအပြန် အဓမ္မအဖြစ်ပြုကျင့်ခံရ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အစ်မဖြစ်သူ ရည်းစားနှင့်ချိန်း တွေ့ရန် အဖော် အဖြစ်လိုက်သွားသူ ညီမသည် တစ်ဦးတည်းပြန်လာစဉ် သားမယားအဖြစ် ပြုကျင့်ခံရသော မှုခင်း တစ်ခုဖြစ် ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယခုလ ၂ ရက် ညနေ ၆ နာရီခွဲတွင် ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာအုပ်စု ကြောင် ဝင်ဒူးကျေးရွာနေ ညီမဖြစ်သူ မ-------အား အစ်မဖြစ်သူ မ-------သည် ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် အတွက် အဖော်အဖြစ် ခေါ်သွားခဲ့ကြောင်း၊ အစ်မဖြစ်သူ ရည်းစားနှင့်ချိန်းတွေ့စဉ် မ----သည် တစ်ဦး
တည်း နေအိမ်သို့ ပြန်လာစဉ် အဆိုပါကျေးရွာ ဦးရဲ ကြီးလယ်တော ကုက္ကိုပင်အောက် အရောက်တွင် တစ်ရွာတည်းနေကျော်စိုးက အနီးရှိအဝေရာတော အတွင်းသို့ဆွဲခေါ်ကာ သားမယား အဖြစ် ပြုကျင့်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး ကန့်ဒေါင့်ရဲစခန်းမှ (ပ)၈/၁၄ ပုဒ်မ-၃၇၆ အရ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ''အမျိုးသမီးငယ်များသည် အချိန် မတော်တွင် တစ်ဦးတည်း ဆိတ် ငြိမ်သော အရပ်များသို့ မသွားသင့် ကြောင်း၊ အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုသော စကား
ပုံကဲ့သို့ဂရုပြုသင့်ကြောင်း'' ဆင်ခြင်စရာအဖြစ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

The Union Daly

0 comments:

Post a Comment