ရုရှားနိုင်ငံ၏ Kalashnikov လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသည် အမေရိကန်
နိုင်ငံသို့ နှစ်စဉ် အမဲလိုက်နှင့် သေနတ်ပစ် အားကစားပြိုင်ပွဲသုံး
ရိုင်ဖယ်များ၊ ပြောင်းချောသေနတ်များ နှစ်သိန်းကျော် ရောင်းချပေးရန် စီစဉ်
လျက်ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Kalashnikov လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွင် Izhmash ၊ Izhmekh နှင့် အခြား
အသေးစား လက်နက်များ ထုတ်လုပ်သော ကုမ္ပဏီများ ပါဝင်ပြီး Kalashni - kov
ကုမ္ပဏီအနေဖြင့် ရုရှား လက်နက်ထုတ် လုပ်ရေး ကုမ္ပဏီနှင့် မူပိုင်ခွင့်
သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုး သွားရန် မျှော်မှန်းထားကြောင်း
သိရသည်။ Izhmash ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ
တစ်ခုဖြစ်ပြီး Saiga ရိုင်ဖယ် များနှင့် ပြောင်းချော သေနတ်များ၊ Biathlon
ရိုင်ဖယ်များနှင့် AK-47 သေနတ်များ ထုတ်လုပ်လျက် ရှိ ကြောင်း သိရသည်။ Saiga
ရိုင်ဖယ်နှင့် ပြောင်းချော သေနတ်များသည် Saiga သေနတ် ပုံစံအား အခြေခံ ထား
ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment