Thursday, January 16, 2014

ဆန္ဒပြခေါင်းဆောင်ဆူတက်ကို ဖမ်းဆီးရန် ထိုင်းအစိုးရ ရဲများကို ဖိအားပေး

ထိုင်းဝန်ကြီးချုပ်အား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းနှင့် ဘန်ကောက်မြို့လယ်အား ပိတ်ဆို့မှု များ ပြုလုပ်နေသော ဆန္ဒပြခေါင်းဆောင်များအား ဖမ်းဆီးရန် ထိုင်းအစိုးရက အမိန့်ပေး လိုက်ကြောင်း ဇန်နဝါရီ ၁၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစိုးရက တိုင်းပြည်ကို မငြိမ်မသက် ပြုလုပ်မှုဖြင့် ဖမ်းဆီးမိန့်ထုတ် ပြန်ထားသော်လည်း ဆန္ဒပြနေသော ခေါင်းဆောင်များက ယခုအချိန်ထိ လွတ်လပ်စွာ ဟောပြော သွားလာပြီး ရန်ပုံငွေ ကောက်ခံနေတုန်းပင်ဖြစ်သည်။ ဆန္ဒပြပွဲများကို ဦးဆောင်ပါဝင်နေ မှုနှင့် ၂ဝ၁ဝ ခုနှစ် က ၎င်း ဝန်ကြီးချုပ်ဖြစ်ချိန်တွင် ဆူပူမှုများအား အကြမ်းဖက်နှိင်နင်းခဲ့မှုကြောင့် လူဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ရပြီး၊ ရာနှင့်ချီပြီး ဒဏ်ရရှိခဲ့သော ပြစ်မှုတို့အတွက် တရားစွဲဆိုခံရမည်ဖြစ်သည်။ သီအိုရီသဘောအရ ယင်းပြစ်မှုများ ကျူးလွန်သောကြောင့် ဆူထက်ကို သေဒဏ်အထိ ပေးနိုင်သည်။

၂ဝ၁ဝ ခုနှစ်က ဆူထက် သည် ဒု- ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။
“ ဆူထက်ကို ဖမ်းဖို့က ရဲရဲ့တာဝန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူကို ဆူပူသောင်းကျန်းမှုနဲ့ အလိုရှိလို့ပါပဲ၊ တကယ်လို့ ရဲက မဖမ်းဘူးဆိုရင် ဝတ္တရားပျက်ကွပ်မှုနဲ့ တရားစွဲခံရမယ်” ဟု ထိုင်း ဒု-ဝန်ကြီးချုပ် ဆူရာပွန် က ရဲချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။ ဆူထက်တွင် ကိုယ်ရံတော် ၄၀ ခန့်ရှိကြောင်းလည်း ထိုင်း ဒု-ဝန်ကြီးချုပ် ဆူရာပွန် ကဆိုသည်။

သို့သော် ဘုရင်သစ္စာခံများ၏ ကာကွယ်စောင့်ရှောက်မှုကြောင့် ဆူထက်သည် ထောင် မကျနိုင်ကြောင်း နိုင်ငံရေး အကဲဖြတ်များက ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment