(၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ ယနေ့နံနက် ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားဇုန်၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း သည် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း ၌ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ လေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ၊ အားကစားရုံအမှတ် အေ၌ အမျိုးသား/ အမျိုးသမီးအသင်း ထိုင်လျက် ဘော်လီဘော ပြိုင်ပွဲများ၊ ဝဏ္ဏသိဒ္ဓိ ရေကူး ကန်၌ အမျိုးသား/ အမျိုးသမီး ရေကူး ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ရေကူးပြိုင်ပွဲများ အပြီး အမျိုးသား မီတာ ၄ဝဝ အလွတ်ကူး ပြိုင်ပွဲ ဆေးအဆင့် သတ်မှတ်ချက် အလိုက် ပထမ၊ ဒုတိယ၊ တတိယ ရသူများအား အရှေ့တောင်အာရှ မသန်စွမ်း အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ DATO ZAINAL ABUZARIN ၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ရှင်း၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းအား ကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်းတို့က ဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်း များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြ၀တီ
0 comments:
Post a Comment