Monday, January 6, 2014

အင်ဒိုနီးရှား မီးတောင်ကြီး ပေါက်ကွဲမှု မျှော်မှန်းသည်ထက် ပိုကြီးနေ၍ အန္တရာယ်ဇုံ ထပ်တိုးသတ်မှတ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင်ရှိသော နိုင်ငံ၏အမြင့်ဆုံး ဆင်နာဘန်းမီးတောင်ကြီး၏ ပေါက်ကွဲမှုသည် မျှော်မှန်းထား သည်ထက် အဆများစွာ အင်အားပြင်း ပေါက်ကွဲနေသဖြင့် ယနေ့တွင် အာဏာပိုင်များက အန္တရာယ်ဇုံသတ်မှတ်မှုကို ၅ကီလိုမီတာမှ ၇ကီလိုမီတာအထိ တပ်တိုးသတ်မှတ်လိုက်သည်။မီးတောင်ကြောင့် နေရပ်မှ စွန့်စွာရမည့်သူပေါင်းမှာ နှစ်သောင်းခန့်ရှိနေသည်။

ဒေသခံအစိုးရအဖွဲ့နှင့် အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီက ထပ်တိုး လာသည့် မီးတောင် ဘေးသင့်သော လူများစာရင်း များပြားလာသဖြင့် ခိုလှုံရာနေရာများကိုလည်း ထပ်မံ တိုးချဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။

အရေးပေါ်စီမံကိန်းအဖွဲ့က ခိုလှုံရန်နေရာသစ် ၁၁နေရာကို ထောက်ပံ့ပေးထားသော်လည်း ဒေသခံများကမူ သူတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများရှိသော အရပ်၌ပင် နေထိုင်လိုစိတ် များပြားနေခဲ့ကြသည်ကို တွေ့ရ သည်။ မီးတောင်၏ တောင်စောင်းတွင် နေထိုင်ခဲ့ ပါနာမာဆာဘက်တိက သူတို့၏အိမ်နှင့် လယ်ယာများ အတွက် စိုးရိမ်သော်လည်း လက်တလောတွင် ဘာမှ မတတ်နိုင်ဟု ညဉ်းညူ ပြောပြခဲ့သည်။

ယနေ့တွင်လည်း မီးတောင်မှ ထွက်သည့်မီးခိုးနှင့် ပြာမှုန်များသည် ကောင်းကင်အထက် မီတာ ၄၀၀၀ ကျော်အထိတိုင် တလူလူ ထွက်ကာ၊ တဂျိမ်းဂျိမ်းအသံများ ပေးလျက်ရှိသည်။ အမျိုးသား သဘာဝဘေး အန္တရာယ်လျော့နည်းသက်သာရေး အေဂျင်စီမှ ဆူတိုပိုပူရ်ဝိုက သူ၏သတ်တမ်းတွင် အကြီးမားဆုံး မီတောင်ပေါက် ကွဲမှုဖြစ်သည်ဟု ဆိုသည်။

အင်ဒီုနိးရှားသည့် စတုတ္ထမြောက် ကမ္ဘာ့လူဦးရေအထူတပ်ဆုံး နိုင်ငံဖြစ်ပြီး အသက်ဝင်နေသည့် မီးတောင်ပေါင်း မှာ ၁၃၀ ကျော်အထိ ရှိနေသည်။ နိင်ငံသမိုင်းတွင် အဆိုးရွားဆုံး မီးတောင်ပေါက် ကွဲမှုသည် ၂၀၁၀ခုနှစ်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ဂျာဗားအလယ်ပိုင်း လူနေများပြားသည့် ယော့ယာကာတာ မြို့ အနီးက မာရာပီတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၅၀ကျော် သေဆုံးခဲ့ဖူးသည်။

Ref: AFP
မြန်မာ့ခေတ်

0 comments:

Post a Comment