- တနင်္ဂနွေ
ရည်ရွယ်ချက်
မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ ပေါ်မည်။
မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့်
စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။
လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊
ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။
ရှယ်ယာတစ်ခုအောင်မြင်မည်။
အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။
အထူးဟော - အတိုက်အခံကြားမှ အောင်မြင်မည်။
ယတြာ - ဘုရားကို အုန်းဆွမ်းကပ်ပါ။
ရည်ရွယ်ချက်များနေမည်။
ရည်မှန်းချက် အောင်မြင်မည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါက အဆင်ပြေမည်။
သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ စီးပွားရေး အဆင်ပြေမည်။
ငွေဝင် ၊ ငွေထွက် ကြမ်းမည်။ ရွှေ ၊ စက် တို့ အ၀င်အထွက် ရှိမည်။ မရောက်ဘူးသော
ခရီးများ ရောက်ဖြစ်မည်။ အပေါင်းအသင်းသစ် တို့၏ ကူညီမှု့များရမည်။
ပညာရေးကောင်းမည်။ အချစ်ရေးကောင်းသည်။ မင်္ဂလာလက်ထပ်ပွဲဖြစ်မည်။
စာမေးပွဲဖြေဆို အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၄၊ ၂၊ ၃။
အထူးဟော - အားလုံးပျော်ရွှင်စေမည်။
ယတြာ - တနင်္လာနေံနံနက် ၇ နာရီတွင် တနင်္လာနံဘုရားကို ကံ့ကော် ၁၅ ညွန့် ကပ်လှူပါ။
အဂါၤ
စိတ်မြန်၏။
ဇွဲကောင်း၏။ ရှေ့လောကြီး၏။ ဆုံးဖြတ်ချက်မြန်၏။ကွက်ကျော်မြင်၏။
စကားပြောဆင်ခြင်ပါ။ လူရွေးပေါင်းတတ်၏။ မဟုတ်မခံ တတ်ပါ။ အချစ်ရေးစွဲလန်းမှု့
ထပ်ကြုံမည်။ မဆင်ခြင်ပါက ရလိမ့်မည်။ ခရီးဝေးသွားရလိမ့်မည်။ လမ်းခရီး
အန္တရာယ်မရှိပါ။ စကားပြောဆင်ခြင်ပါ။ အတိုက်အခံ များမည်။ မလိုသူပေါ်မည်။
စီးပွားရေးလုပ်လျှင် အောင်မြင်မည်။ ရှယ်ယာလုပ်လျှင်လည်း အောင်မြင်မည်။
ကျန်းမာရေးမှာ အစာအိမ်ဂရုစိုက်ပါ။ အလုပ်အကိုင် ရာထူးတက်မည်။
အကျိုးပေးဂဏန်း - ၃၊၆၊ ၉
အထူးဟော - အားလုံးအောင်မြင်မည်။
ယတြာ - အင်္ဂါ နေ့နံနက်တွင် ဘုရားနှင့် သံဃာတော် ၈ ပါးကို ဆွမ်းကပ်လှူပါ။
ဗုဒ္ဒဟူး
စွန့်စားမှု့
စူးစမ်းမှု့ လုပ်ဆောင်မှု့ အားလုံး အောင်မြင်မည်။ ဖြေဆိုထားသော စာမေးပွဲ
အောင်မြင်မည်။ ၀မ်းနှင့် ပတ်သက်ပြီး ချူချာမည်။ ပြန်ကောင်းမည်။
သူတစ်ပါးအပေါ် အားနာ မှု့သည် သင့်အတွက် စိတ်ဆင်းရဲ မှု့ ဖြစ် တတ်သည်။ခရီးဝေး
ယာယီ မြင်သည်။ လမ်းခရီးအန္တရာယ် မရှိပါ။ အချစ်ရေးမှာ
စွဲလန်းမှု့ များကြီးမားလာမည်။ မဆင်ခြင်ပါက လက်ထပ်ကိန်း ရှိသည်။
ပစ္စည်းပျောက်ကိန်းရှိသည်။ ငွေလိမ် ခံရကိန်းမြင်သည်။ ရစရာငွေတို့ ၀င်မည်။ မြေ
၊ စက် ၊ ကား တို့ဝင် ၊ ထွက် မည်။ ကိုယ်ပိုင် အလုပ်တို့ အောင်မြင် မည်။
ဝန်ထမ်းအလုပ်ရာထူးတက်မည်။
အကျိုးပေးဂဏန်း - ၅၊ ၆၊ ၎
အထူးဟော - အောင်မြင်မည်။
ယတြာ - ဗုဒ္ဓဟူးနေ့ တွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
အပြောပွင့်လင်းသလောက်
အသုံးကြမ်းနေသည်။ လူရွေးပေါင်းသော်လည်း လူခင်ခြင်းစိတ်ဝမ်းကွဲမည်။
စီးပွားရေးလုပ်ငန်းများ ပြောင်းလဲ လုပ်ကိုင်ရမည်။ မရည်ရွယ်သော
ခရီးတွေသွားရမည်။ စကားပြော ဆင်ခြင်ပါ။ အတိုက်အခံ ကျော်လွှားနိုင်မည်။
ကျန်းမာရေး အနည်းငယ်ချူချာမည်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ လူယုံမထားရ။
လူလိမ်ငွေလိမ်ခံရမည်။ ၀န်ထမ်းအလုပ်ရာထူးတက် ၍ ပြောင်းရမည်။
ငွေကြေးကိစ္စရှုပ်မည်။ အချစ်ရေးမှာ မရည်ရွယ်သောသူနှင့် လက်ထပ်ကိန်းမြင်သည်။
အကျိုးပေးဂဏန်း ၅၊၆၊၇။
အထူးဟော- ကံကောင်း ၊ ချမ်းသာကိန်းရှိသည်။
ယတြာ - အိမ်ဘုရားကို ပေါက်ပေါက်ပွင့်ကပ်ပါ။
သောကြာ
စိတ်လေခြင်း ၊ စိတ်တိုင်းမကျခြင်း ၊ စိတ်ရှုပ်ခြင်း ၊
စိတ်ဆင်းရဲခြင်းတို့ဖြစ်မည်။ သို့သော် စိတ်ဆင်းရဲမှု့ နောက်ကွယ်မှာ
စိတ်ချမ်းသာမှု့ များရောက်ရှိလာမည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေဝင်လာမည်။
ခရီးဝေး ယာယီ မြင်သည်။ စကားပြော ဆင်ခြင်ပါ။ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီ
ရမည်။ အတိုက်အခံတွေ ကျော်လွှားနိုင်မည်။ လူကြီးမိဘတို့ သဘောတူသူနှင့်
မကြာမှီ လက်ထပ်ကိန်းမြင်သည်။ ယခု တစ်ပတ်အတွင်း မင်္ဂလာစကားပြောကြားဖြစ်မည်။
စီးပွားရေးလုပ်ငန်းများအောင်မြင်မည်။ ရစရာငွေရမည်။ စက် ၊ မြေ ၊ အိမ်
ပြောင်းလဲမှု့ ၊ ပြောင်းရွှေ့ နေထိုင်မှု့ တွေဖြစ်မည်။
အကျိုးပေးဂဏန်း ၈၊၁၊၆။
အထူးဟော- အောင်မြင်မည်။
ယတြာ- သောကြာနေ့နံနက်တွင် တောင်အရပ် က လမ်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။
စနေ
ကံဇာတာ
ဤ တစ်ပတ်ကောင်းမည်။ အလုပ် ကိစ္စ ၊ စီးပွားရေးကိစ္စများအောင်မြင်မည်။
ပြောဆို မှု့များအောင်မြင် မည်။ ခရီးယာယီ များနေမည်။ အန္တရာယ်လုံးဝမရှိပါ။
စပ်တူရှယ်ယာ များအောင်မြင်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး သာယာမည်။
စွဲလန်းနှောင့်ယှက် သူပေါ်မည်။ ဆင်ခြင်၍ အန္တရာယ်မရှိပါ။ ပြောသမျှ
အောင်မြင်မည်။ လုပ်သမျှ အဆင်ပြေမည်။ ငွေဝင်မည်။ ရစရာငွေတို့ရမည်။ စက် ၊ မြေ
၊ ကား တို့ ၀င်ထွက် မည်။
အကျိုးပေးဂဏန်း - ၇၊၉၊၈။
အထူးဟော - အောင်မြင်မည်။
ယတြာ - စနေနေ့နံနက်တွင် ဘုရားကို ထီးဖွင့်ကပ်ပါ။
မြစ်မခ
0 comments:
Post a Comment