Thursday, December 19, 2013
မြ၀တီတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်တွင် အမှတ် (၃၂) မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြ၀တီ) မှ တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့် အတူ မြ၀တီမြို့၊ ရပ်ကွက် (၁)၊ သောင်း ရင်း မြစ် ကမ်းဘေး ရေဆိပ် (မိုးကုန်ကင်းစခန်း) တွင် မြ၀တီမြို့၊ ရပ်ကွက် (၄) နေ ကျော်လှမောင် (၃၈) နှစ်မောင်းနှင်ပြီး မြ၀ တီမြို့၊ ရပ်ကွက် (၁)နေ အေးလိ(ခ) သီရိ (၃၀) နှစ် လိုက်ပါသည့် ဆိုင်ကယ်အား ရပ်တန့် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်လှမောင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အိုက်(စ်) ၁၉၀ ဂရမ်၊ တန်ဘိုးငွေကျပ် (၂၈.၅) သိန်း၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွယ်ဆေးပြား ၁၉၂ ပြား၊ တန်ဘိုးငွေကျပ်(၅.၇၆) သိန်းအားလည်းကောင်း၊ အေးလိ (ခ)သီရိ၏ လက်ဆွဲ အိတ်အတွင်းမှ မြန်မာကျပ်ငွေ(၁.၆၆)သိန်းနှင့် ထိုင်းဖုန်းတစ်လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment