Wednesday, December 4, 2013

ဆီးဂိမ်းကာလ မန္တလေးတွင် တက္ကစီအစီး တစ်ထောင်ကျော်ထားရှိ

ဆီးဂိမ်းကာလအတွက် မန္တလေးမြို့တွင် စင်းလုံးငှားတက္ကစီအစီးရေ တစ်ထောင်ကျော်ကို ပြင်ဆင်ထားရှိ သည်ဟု မန္တလေးတိုင်း ပို့ဆောင်ရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
“စင်းလုံးငှား တက္ကစီလိုင်စင်ကျထားတဲ့ ကားအားလုံးကို ဆီးဂိမ်းမှာ လိုအပ်ရင် ထပ်သုံးဖို့ မြို့တွင်းမထသ နဲ့ ချိတ်ဆက်ပြီး အသင့်ပြင်ဆင်ထားပါတယ်၊ လက်ရှိပြေးဆွဲနေတဲ့ ကားတွေကတော့ အားကစားကွင်းနဲ့ ဟိုတယ်ကို ပုံမှန်ပြေး ဆွဲပေးဖို့အတွက် စီစဉ်ထားပါတယ်” ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။

အားကစားကွင်း၊ ဘူတာကြီး၊ ဈေးချို၊ ဂေါဝိန်၊ မန္တလေးတောင်၊ ဘုရားကြီး၊ ဆေးရုံကြီး၊ သီရိမန္တလာကား ကွင်း၊ ပြည် ကြီးမျက်ရှင်ကားကွင်း၊ ချမ်းမြရွှေပြည် ကားကွင်းတို့သို့ သွားလာနိုင်မည့် စင်း လုံးငှား တက္ကစီ များ၏ ငှားရမ်းခနှုန်းများ ကို ကျပ်၁,၀၀၀ မှ ကျပ် ၆,၀၀၀ အတွင်း သတ်မှတ်ပေးထားသည်။

ထို့အပြင် ကားငှားရမ်းခ၊ သွားလာနိုင်သည့်နေရာများပါရှိသည့် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားသည့် လက်ကမ်းစာစောင်များကိုလည်း လေ ယာဉ်ကွင်း၊ ကားဂိတ်၊ ဟိုတယ်များတွင် ဖြန့်ဝေပေး မည်ဖြစ်သည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ပြေးဆွဲနေသည့် စင်းလုံးငှား တက္ကစီ အသင်းပေါင်း ၁၁ သင်းရှိပြီး Saloon၊ Van ၊ Probox ကားဖြင့် ပြေးဆွဲပေးလျက်ရှိ သည်။ စင်းလုံးငှား တက်္ကစီများသာမက မြို့တွင်း ယာဉ်လိုင်း များကလည်း ဒိုင်နာ၊ လိုက်ထရပ်ယာဉ် အစီးရေ ၉၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲပေး သွားမည် ဖြစ် သည်။
Mizzima

0 comments:

Post a Comment